(စ)တမူးမြို့နယ်ရှိ ကျေးလက်ကျန်းမာရေးဌာနတို့အား ကျန်းမာရေးဌာန၏ စံကိုက်အဆောက်အဦ သစ်များ ဆောက်လုပ်ပေးရန်နှင့် ကုတင် (၁၀၀) ဆေးရုံအတွက် လူနာတင်ယာဉ်တစ်စီး ပံ့ပိုးပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့်ယခုအခါတွင် ကျန်းမာရေးဌာနနှင့် ဌာနခွဲအသစ်များ ဖွင့်လှစ်ပြီး စံကိုက်အဆောက်အဦ
များ ဆောက်လုပ်ပေးလျှက် ရှိသော်လည်း ယခင်က ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်ခဲ့သော ကိုယ်ထူကိုယ်ထ ကျေးလက်ကျန်းမာရေးဌာန များနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲများသည် ဥပဓိရုပ်မကောင်းတော့ခြင်း၊ ကျန်းမာရေး ဌာနမှ ဆောက်လုပ်လျက်ရှိသော စံကိုက်အဆောက်အဦပုံစံများနှင့် ကိုက်ညီမှု မရှိတော့ခြင်းကြောင့် အသစ်ပြန်လည် တည်ဆောက်ပေးရန် ဒေသခံပြည်သူများ က တင်ပြလာပါကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် ပန်းသာ ကျေးရွာကျေးလက် ကျန်းမာရေးဌာနခွဲနှင့် ကွန်းတောင်းကျေးရွာကျေးလက် ကျန်းမာရေး ဌာနခွဲ၊ ခမ်းပါတ်မြို့နယ်ခွဲ ကမ္မကြီးကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲ၊ မြို့သစ်မြို့နယ်ခွဲ၊ ဖိုင်လင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနနှင့် သနန်စံပြကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတို့အား ကျန်းမာရေးဌာန၏ စံကိုက်အဆောက်အဦသစ်များ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ တမူးမြို့ ခုတင် ၁၀၀ ဆေးရုံအတွက် အရေးပေါ်လူနာတင်ယာဉ် ၁ စီး ပံ့ပိုးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်များတွင် ထည့်သွင်းဆောင်ရွက် ပေးမည်ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။