(ဂ)ပန်နန်းဒင်မြို့နယ်ခွဲရှိ အမျိုးသားဥယျာဉ်တွင် ဝန်ထမ်းများ အပြည့်အဝခန့်ထားပေးရန်နှင့် ဥယျာဉ်ဧရိယာအတွင်း နေထိုင်ကြသော ပြည်သူ လူထု၏လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆောင်ရွက်ပေးရန်နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဦးဂျီဖုန်ဆားရ် (နောင်မွန်း)ခါကာဘိုရာဇီအမျိုးသားဥယျာဉ်သည် မြောက်ဘက်ဆုံး နောင်မွန်းမြို့နယ်၊ ပန်နန်းဒင်မြို့နယ်ခွဲ၌ တည်ရှိပြီး လွန်ခဲ့သော ဆယ်စုနှစ်ကတည်းက စတင်သတ်မှတ်ထိမ်းသိမ်းလာခဲ့သော ဥယျာဉ်တစ်ခုဖြစ်ပါသည်။ လက်ရှိ အနေအထားတွင် အမျိုးသားဥယျာဉ်၏ လုပ်ငန်းများကို အမြဲတမ်းဝန်ထမ်း အနည်းငယ်နှင့် ယာယီ နေ့စားဝန်ထမ်း အနည်းငယ်တို့ဖြင့် ဆောင်ရွက်နေရခြင်းဖြစ်သည့် အတွက် ပီပီပြင်ပြင်ဆောင်ရွက်နိုင်ခြင်း မရှိသည် ကိုလည်း လေ့လာတွေ့ရှိရပါသည်။ အမျိုးသားကာကွယ်ရေးဥယျာဉ်သည် မိမိတို့ မြန်မာနိုင်ငံတွင် တက်တူးကျွန်းသဖွယ် ဖြစ်သော ဧရာဝတီမြစ် မြစ်ဖျားခံရာဒေသလည်း ဖြစ်သည့်အပြင် ကမ္ဘာမှာ ရှားပါးသားငှက်မျိုးစေ့များ ကျက်စားနေထိုင်ရာ ဒေသလည်းဖြစ်ပါသည်။ ထို့ကြောင့် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်လုပ်ငန်းကို ပီပီပြင်ပြင် ဆောင်ရွက်စေလိုသည့် ဆန္ဒဖြင့် အောက်ပါမေးခွန်းကို မေးမြန်း ရခြင်းဖြစ်ပါသည်။

  • ဥယျာဉ်အတွင်း၌ ဝန်ထမ်းများ အပြည့်အဝခန့်ထားပေးပြီး ဥယျာဉ်လုပ်ငန်း ဆောင်ရွက်သွားရန် အစီအစဉ်ရှိ/မရှိ။
  • ဥယျာဉ်အတွင်း နေထိုင်ကြသော ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များ ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။