(ဇ)ယာဉ်အို၊ ယာဉ်ဟောင်း သက်တမ်းလွန် ယာဉ်များနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-17
မေးခွန်း အကြောင်းအရာ 

နိုင်ငံတော်သည် ယာဉ်အိုယာဉ်ဟောင်းများကို အရည်အသွေးမီယာဉ်များနှင့် အစားထိုးပေးခြင်းအားဖြင့်ကဏ္ဍအသီးသီးတွင် အဆင်ပြေစေရန် ဆောင်ရွက် လျက် ရှိသည်ကို တွေ့ရသော်လည်း မြို့ပေါ်နှင့် နယ်အချို့တွင် ဌာနဆိုင်ရာနှင့် ပုဂ္ဂလိကပိုင် နှစ်လွန်ယာဉ်အိုယာဉ်ဟောင်းများ အစားထိုး လဲလှယ်ရန် ကျန်နေသေးကြောင်း၊ နေပြည်တော်ရှိ အစိုးရဝန်ကြီးဌာန အချို့တွင် နှစ်လွန် ယာဉ်များ အသုံးပြုဆဲဖြစ်နေသည်ကို တွေ့မြင် နေရခြင်းမှာ အမြင် မတင့်တယ်သည့်အပြင် ယာဉ်အန္တရာယ်ရှိခြင်း၊ SEA GAME ကျင်းပရန် ရှိနေခြင်း၊ ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူရမည့် အချိန်အခါနှင့် ကြုံကြိုက်နေခြင်းတို့ကြောင့် ယာဉ်အိုယာဉ်ဟောင်းများ၊ သတ်တမ်းလွန် ယာဉ်များနှင့် နယ်မြို့များရှိ ဌာနဆိုင်ရာနှင့် ပုဂ္ဂလိကယာဉ်များ၊ နေပြည်တော်ရှိ ဝန်ကြီးဌာန အသီးသီးတွင် ယာဉ်အိုယာဉ်ဟောင်းများကို မည်သို့ဆောင်ရွက် မည်နှင့် မည်သည်‌့အချိန်တွင် နောက်ဆုံးထား ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။