(ဂ)ရွာတန်းလယ်သာမှစည်းခုံ၊ရင်ဂါတ် ကုန်းကျေးရွာမှ ကျောက်ဖူးလမ်း တို့အား ဂျင်းခင်းလမ်းအဖြစ် လည်း ကောင်း၊ ကျောက်ဖူး-အင်တော လေးရွာအထိမြေသားလမ်းအဖြစ် လည်းကောင်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

၂၀၁၁-၂၀၁၂ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် နယ်စပ်စည်ပင်ဝန်ကြီးဌာန၏ အစီ အစဉ်ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးဘိုနီ (ရမည်းသင်း)ရမည်းသင်းမြို့နယ် ရွာတန်းလယ်သာကျေးရွာမှ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး စည်းခုံကျေး ရွာထိ ၁၄ မိုင် ကျော်ကို မြေသားလမ်းဖောက် လုပ်ပေးခြင်းကြောင့် ကျေးရွာ ၉ အုပ်စုမှ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကို အထောက် အကူရရှိစေပြီး ယခုအကောင် အထည်ဖော်နေသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးကို ထိထိရောက်ရောက် အထောက် အကူပြု ပါကြောင်း။

၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက  ရင်ဂါတ်ကုန်းမှ ကျောက်ဖူးအထိ မြေသားလမ်း ဖောက်လုပ်ပေးခြင်းသည် လိုအပ်ချက်နှင့်ကိုက်ညီပြီး အကျိုးကျေးဇူးများရှိသော်လည်း ယင်း လမ်းပေါ်ရှိ ရေကျော်ချောင်းများ ကို တံတားများ ဆောက်လုပ်ခြင်းမရှိသည့်အတွက် မိုးတွင်းအခါ၌ သွားလာရေး အခက်အခဲရှိ ပါကြောင်း၊ လိုအပ်သောတံတားများကို အချိန်မီတည်ဆောက်နိုင်ခြင်းမရှိပါက  လက်ရှိမြေသား လမ်းများ ပျက်စီးနိုင်ကြောင်းနှင့် ဖောက်လုပ်ပြီး လမ်းသည် ၇ မိုင်ကျော်အပြင် အင်တောလေးရွာအထိ ၆ မိုင်ကို ထပ်မံ ဖောက်လုပ်ပေးမှသာ ပိုမို အဆင်ပြေမည်ဖြစ်ကြောင်း၊ ရွာတန်းလယ်သာ-စည်းခုံးလမ်း ၁၄ မိုင်ကျော်သည် ရမည်းသင်းမြို့နှင့် တစ်စပ်တည်း ဖြစ်သောကြောင့် ၎င်းမြို့နယ်နှင့် ဆက်စပ်နေသော ကျေးရွာ ၉ အုပ်စု၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊  ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူပြုသကဲ့သို့ ရင်ဂါတ်ကုန်းကျေးရွာမှ ကျောက်ဖူးကျေးရွာအထိ မြေသား ၇ မိုင်ကျော်သည်လည်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် အလွန်ကျေးဇူး များသော ဆောင်ရွက်ချက်များ ဖြစ်ပါကြောင်း။

အဆိုပါလမ်းများ ရေရှည်တည်တံ့ရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ရန်ပုံငွေဖြင့် ထိန်းသိမ်း စောင့်ရှောက်ရာတွင် အခက်အခဲရှိပါကြောင်း၊ ရမည်းသင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က  ရရှိသော ရန်ပုံငွေသည် သိန်း ၄၀၀၀ သာကျော်ရှိပြီး ကျေးလက်ဖွံ့ဖြိုးရေးအတွက် ၃၀ ရာခိုင်နှုန်းသာ သုံးစွဲခွင့်ရသည့်အတွက် သိန်း ၁၂၀၀ ကျော်သာ သုံးစွဲနိုင်သည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနက ရမည်းသင်းမြို့နယ် ရွာတန်း လယ်သာမှ ရန်ကုန်-မန္တလေး အမြန်လမ်း စည်းခုံအထိ ၁၄ မိုင်ကျော်လမ်းအား ဂျင်းခင်းလမ်းအဖြစ်လည်းကောင်း၊ ရင်ဂါတ်ကုန်းကျေးရွာမှ ကျောက်ဖူးလမ်းအထိ ၇ မိုင်ကျော် မြေသားလမ်းပေါ်ရှိ ရေကျော်တံတားများဆောက်လုပ်ပြီး ရာသီမရွေးသွားလာနိုင်သည့် ဂျင်းခင်းလမ်းအဖြစ် ဆောင်ရွက်ပေးရန်နှင့် ဆက်လက်ဖောက်လုပ်ရန်ရှိသော ကျောက်ဖူး-အင်တောလေးရွာ အထိ ၆ မိုင် မြေသားလမ်းအား ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။