(ဃ)ကလေးမြို့နယ်အတွင်းရှိကျေးရွာများမှ လမ်းများအား ကိုယ့်အားကိုယ်ကိုးမြေသား လမ်းမှ ကျောက်ချော လမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-17

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်သည် ရပ်ကွက်/ကျေးရွာပေါင်း ၁၆၂ ရွာ၊ လူဦးရေ ၃ သိန်းကျော်ရှိပြီးဦးတင်လှိုင် (ကလေး) ဗမာနှင့်ချင်းတိုင်းရင်းသားများ နေထိုင်ကြသော မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ မွေးမြုရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ နှစ်စဉ် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်ပေးနေခြင်းကြာင့် အောက်ပါလုပ်ငန်းများကိုပါဆောက်ရွက်ပေးနိုင်ရန်   ပြည် သူများ ကိုယ်စား  မေးမြန်းလိုကြောင်း

(က) ကျေးလက်လမ်းများသည် ဒေသတွင်း ကျေးရွာများ ဆက်သွယ်သွားလာမှု လွယ်ကူစေရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုဘဝဖွံ့ဖြိုးရေးအတွက် အရေးပါသဖြင့် (၁) လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ရေရှင်ကျေးရွာနှင့် ကြံ့သာကျေးရွာ ၃ မိုင် ၁ ဖာလုံကို ကိုယ့်အားကိုယ်ကိုး မြေသား လမ်းမှ ကျောက်ချောလမ်းခင်းပေးပါရန်၊ (၂) ပေါက်တောကျေးရွာနှင့် အင်းဒင်ကျေးရွာ ၂ မိုင်ကို ကိုယ့်အားကိုယ်ကိုး မြေသားလမ်းမှ ကျောက်ချော လမ်းခင်းပေးရန်၊ (၃) တင်သားကျေးရွာမှ ကုက္ကိုကျေးရွာ ၃ မိုင်ကို ကိုယ့်အားကိုယ်ကိုး မြေသားလမ်းမှ ကျောက်ချောလမ်းခင်းပေးပါရန်၊ (၄) ကလေး-တမူးလမ်းမှ ကံကြီးကျေးရွာသို့ သွားသော ၁ မိုင် ၅ ဖာလုံကို ကိုယ့်အားကိုယ်ကိုး မြေသားလမ်းမှ ကျောက်ချောလမ်း ခင်းပေးရန်၊ (၅) ကလေး-တမူးလမ်းမှ မော်လိုက်-ကလေး(တောင်)ရွာ ၂ မိုင်ကို ကိုယ့်အားကိုယ်ကိုး မြေသားလမ်းမှ ကျောက်ချော လမ်းခင်းပေးပါရန်၊

(ခ)  အောက်ပါ ရေရှားပါးခက်ခဲသော ကျေးရွာများတွင် သန့်ရှင်းသောသောက်သုံးရေ ရရှိရေးနှင့် ပတ်သက်၍ (၁) ကံကြီး ကျေးရွာအုပ်စု၊ ကန်သာယာကျေးရွာ စိမ့်စမ်းရေသွယ် ဆောင်ရွက်ပေးရန်လိုအပ်မှု၊ (၂) စခန်းကြီးအုပ်စု၊ လမ်းဗဟို ကျေးရွာ လက်နှိပ်တုံကင်တွင်းများ လိုအပ်မှုရှိကြောင်း၊ ထို့ကြောင့် အထက်ဖော်ပြ ပါ ကျေးရွာများအတွက် လမ်း တံတားနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကို ၂၀၁၃-၁၄ ဖြည်‌့စွက် ရန်ပုံငွေတွင် ထည်‌့သွင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် မည်သည့် ဘဏ္ဍာနှစ်တွင် ထည်‌့သွင်းဆောင် ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။