(င)မန္တလေးဆေးတက္ကသိုလ်အား ဂါဒီယန်းစနစ် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
မန္တလေးတိုင်းဒေသကြီးရှိ မန္တလေးဆေးတက္ကသိုလ်ကျောင်းသည် ပထမနှစ်ဆေးကျောင်းသား ၅၀၀ ကျော်အား စာသင်ခန်း ၂ ခန်း၊
ဒုတိယနှစ်ကျောင်းသားကျောင်းသူ ၇၆၈ ဦးခန့်အား စာသင်ခန်း ၂ ခန်း၊ တတိယနှစ်ကျောင်းသားကျောင်းသူ ၄၆၀ ဦးခန့်အား စာသင်ခန်း ၂ ခန်းနှင့် စတုတ္ထနှစ် အပိုင်း(က) ကျောင်းသားကျောင်းသူ ၄၂၀ ခန့်အား စာသင်ခန်း ၂ ခန်းတို့ဖြင့် ဆေးပညာရပ်များအား သင်ကြားပို့ချလျက်ရှိရာ ကျောင်းသားဦးရေနှင့် ဆရာ ဆရာမအချိုးကွာခြားခြင်း၊ စာသင်ခန်း နည်းပါးခြင်းများကြောင့် ကျူရှင်ထပ်မံတက်ခဲ့ကြရခြင်းတို့ဖြင့် အချိန်ကုန် ငွေကုန်ကာ ဆေးပညာအား သင်ယူလျက်ရှိ နေကြရသည့်အပြင် ဆရာတစ်ဦးလျှင် ကျောင်းသား ၂၀ ဦးနှုန်းနှင့် Guardian စနစ်ဖြင့် ထိန်းကျောင်း ဆောင်ရွက်ခြင်း သည်လည်း မူ ရှိသော်လည်း လက်တွေ့ ဆောင်ရွက်မှုအားနည်းနေကြောင်း ကြားသိနေရခြင်းတို့ကြောင့် မန္တလေးတိုင်း ဒေသကြီးရှိ မန္တလေးဆေးတက္ကသိုလ် ကျောင်းသားကျောင်းသူများ ပညာသင်ကြားရာတွင် နိုင်ငံတကာအဆင့်မီရန် ကျောင်းသားနှင့် စာသင်ခန်းအချိုး မျှတရန်နှင့် Guardian စနစ် အမှန်တကယ် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။