(ခ)လုပ်အားရတနာ ဖိနပ်ချုပ်ကုန်ထုတ် သမဝါယမ အသင်းသားများ၏ ပြဿနာကို မျှတသော စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်း၊ အသင်းပိုင်မြေနှင့် အဆောက်အဦကို လေလံပစ်ရောင်းချ ရငွေတို့နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ယခု မိမိမေးမည့် မေးခွန်းသည် ယခင်သတ္တမ အကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သမဝါယမ ဝန်ကြီးဌာန၊ ဒုတိယဦးရဲထွန်း (သီပေါ) ဝန်ကြီး ဖြေဆိုချက်အပေါ် ကာယကံရှင်များက မရှင်းလင်းသည့် ကိစ္စများ၊ နားမလည်သည့်ကိစ္စများကို ထပ်မံ၍ မေးမြန်း ရခြင်းဖြစ်ပါကြောင်း၊ ယင်းဖြေကြားချက် တွင် ပြဿနာဖြစ်နေသော ကိစ္စကို ပွင့်လင်းမြင်သာစွာ နှစ်ဦးနှစ်ဖက် ကြားနာ စုံစမ်းစစ်ဆေးခဲ့ခြင်း မရှိခဲ့သည့်အတွက် လွှတ်တော်တွင် လာရောက်ဖြေဆိုသော အဖြေမှာ မှန်ကန်မှုမရှိသည့်အပြင် လုပ်အားရတနာသမဝါယမ အသင်းကို လေလံတင်ရောင်းချရသည့် ငွေများကို ခွဲဝေမပေးခြင်းနှင့်ပက်သက်၍ ကိုးကားထားသောဥပဒေမှာ ဖျက်သိမ်းပြီး ဥပဒေဖြစ်နေပါကြောင်း၊ ထို့ကြောင့် လုပ်အားရတနာဖိနပ်ချုပ်သမဝါယမအသင်း ဖျက်သိမ်း ခံရပြီး လေလံတင်ရောင်း ချရငွေ များကို အသင်းသားများ အား ပြန်လည်ခွဲဝေမပေးခြင်းနှင့် ပက်သက်၍ ပြဿနာများဖြေရှင်းရန် ဝန်ကြီးဌာနသည် အောက်ခြေအထိဆင်း၍ ပွင့်လင်းမြင်သာစွာ နှစ်ဦးနှစ်ဖက်အကြား မျှတသော စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပါသလား၊ အသင်းပိုင်မြေနှင့် အဆောက်အအုံ လေလံပစ်ရောင်းချရငွေများကိုလည်း ၁၉၇၀ ခုနှစ် ဥပဒေအရ CRF ရန်ပုံငွေသို့ ထည့်သွင်းခဲ့သည်ဆိုကာ ကိုးကားခဲ့သည့် ဥပဒေမှာ ၁၉၉၂ ခုနှစ်က ထုတ်ပြန်ခဲ့သော နိုင်ငံတော် ငြိမ်ဝံ့ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၉/၉၂ ၊ သမဝါယမအသင်း ဥပဒေ ပုဒ်မ ၃၉ ဖြင့် ဖျက်သိမ်းပြီးဖြစ်သည် ဆိုသည်မှာ မှန်ကန်ပါသလား။ မှန်ကန်သည်ဟု ဆိုပါလျှင် ထိုရောင်းချရငွေများကို အသင်းသားများအား မည်သည့် အချိန်ခန့်တွင် ပြန်လည်ခွဲဝေပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။