(ဂ)လယ်ယာသုံးစက်ကရိယာများအားတောင်သူများ သုံးစွဲနိုင်ရန် ဈေးနှုန်းများ လျှော့ချရေးနှင့် မြန်မာ ကျပ်ငွေ ဈေးနှုန်းဖြင့် တောင်သူများ နား လည်နိုင်သည့် ဝေါဟာရများဖြင့် ဖြေကြားပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကိုတည်ဆောက်အံ့ဆိုသည့် ဆိုင်းဘုတ်အောက်က နိမ့်ကျနေပါ သည်ဟု သတ်မှတ်ခြင်း ခံနေရသော မြန်မာ့ ပညာရေးစနစ်၊ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်ဆိုသည့် ဆိုင်း ဘုတ်အောက်က ကစားပွဲတိုင်းနီးပါး ရှုံးနေရသည့် မြန်မာ့ လက်ရွေး စင် ဘောလုံး အသင်း၊ လျှပ်တစ်ပြက် လောကနိဗ္ဗာန် တည်ဆောက်အံ့ဆိုသော ဆိုင်းဘုတ်နှင့် အမှောင်ထဲတွင်ရှိနေသော မြို့ရွာကြီးများရှိသကဲ့သို့ ယခင်လက်မှု လယ်ယာ မှ ခေတ်သစ်စက်မှု လယ်ယာဆီသို့ ဆိုသော ကြွေးကြော်သံနှင့် ဗလာ နတ္ထိဟောင်းလောင်းဖြစ်နေသည့် စက်မှုလယ်ယာ ထွန်စက်စခန်းများကို ယခုတိုင်မြင်တွေ့နေရဆဲဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ပက လယ်ယာသုံး စက်ကိရိယာများ တင်သွင်းရာတွင် ကုန်သွယ်ခွန်ပေးဆောင်ရန် မလိုသော် လည်း ဈေးနှုန်းလျှော့ကျခြင်း မရှိသောကြောင့် လယ်ယာသုံးစက် ကိရိယာ များကို မော်တော်ယာဉ်ဈေးနှုန်း များကဲ့သို့ တောင်သူများ သုံး စွဲနိုင်သော ဈေးနှုန်း များ ဖြစ်ပေါ်စေရန် နိုင်ငံတော်က မည်သို့စီမံဆောင်ရွက်ထားပါကြောင်းကို တောင်သူများ သိရှိ နားလည်နိုင် သည့် ဝေါဟာရများဖြင့် ပြန်လည်ဖြေကြားပေးပါရန် မေးမြန်းပါသည်။