(ဂ)ချင်းပြည်နယ်ရှိမြို့များ၊ မြို့အမည်များအား ကွက်ကျဲ၊ကွက်စိပ်တိုင်းတာကေ် ကြေးတိုင်စိုက်သည့် လုပ်ငန်း များဆောင်ရွက်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ ချင်းပြည်နယ်အတွင်း စိုက်ပျိုးမြေ၊ မြို့မြေ၊ ရွာမြေများသည် ကြေးတိုင် စိုက်ခြင်း၊ ကွက်ကျဲ၊ ကွက်စိပ် မြေတိုင်းတာခြင်း များ ဆောင်ရွ
က်မှုနည်းပါးကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ်အတွင်း မြို့/ရွာများအား ကွက်စိပ်၊ ကွက် ကျဲ မြေတိုင်း တာပြီး ပုံနှင့်မြေပုံထုတ်ခြင်း၊ စိုက်ပျိုးမြေ၊ အခြားမြေများ အား ကြေးတိုင် စိုက်ခြင်း၊ မြေတိုင်းတာပုံထုတ်ခြင်း တို့ကို ဆောင်ရွက်ပြီး မြေမျိုးကြီး အလိုက် မြေခွန်များ ကို ခေတ်စနစ်နှင့်အညီ နှုန်းထားများဖြင့် ကောက်ခံခြင်း၊ ထန်တလန်နယ်များတွင် တိုးတက်လာမည့်လူဦးရေနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် မြေယာစီမံကိန်းဖွဲ့ခြင်းများ ဆောင်ရွက်ပေးနိုင်ပါက အခြေချနေထိုင်သော အိမ်ထောင်စုများ၏ မြေပိုင်ဆိုင်မှု၊ မြေအသုံးချမှုတို့သည် ပိုမိုခိုင်မာ စနစ်ကျ လာမည်ဖြစ်သည့်အပြင် မြေယာများကိုစနစ်တကျ စီမံခန့်ခွဲနိုင်ပါက ကျူးကျော်နေထိုင်မှုများလည်း လျော့နည်းသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ချင်းပြည်နယ်ရှိ မြို့များတွင် မြို့မြေများကို ကွက်ကျဲ၊ ကွက်စိပ် တိုင်းတာပြီး မြေပုံ ထုတ်ခြင်း၊ မြေပိုင်ဆိုင်ခွင့်စစ်ဆေးခြင်း၊ ရွာမြေနှင့် စိုက်ပျိုးမြေများကို ကြေးတိုင်စိုက်ခြင်းများ ဆောင်ရွက်ပေးခြင်းဖြင့် မိမိ၏မြေကွက်များကို တိကျမှန်ကန်ပြီး တန်ဖိုးရှိစွာ ပိုင်ဆိုင်နိုင်ရန်အတွက် မေးမြန်းပါသည်။