(ဃ)အခြေခံပညာ ဆရာ/ဆရာမများအား ရာထူး တစ်ဆင့်မြင့်(အစမ်းခန့်)ခန့်ထားခြင်းနှင့်စပ်လျဉ်း၍ နစ်နာမှုမရှိစေရန်မည်ကဲ့သို့ဆောင်ရွက်ပေးမည်နှင့် စပ်လျဉ်းသည့်မေးခွန်း Primary tabs View(active tab) Edit

2020-12-17

ဦးရဲထွန်း (သံတွဲ)သံတွဲမြို့နယ်အတွင်း ၂၀၀၄-၀၅ စာသင်နှစ်ကတည်းက ဘွဲ့တစ်ခုခုရရှိပြီး အလယ်တန်းဆရာဖြစ် သင်တန်း အောင်မြင်ပြီးသူ ဆရာ/ဆရာမအချို့ကို ဆရာအင်အားလိုအပ်ချက်အရ အထက်တန်းပြ အစမ်းခန့် ဆရာ/ဆရာမများအဖြစ် မိမိတာဝန်ကျ နေသည့်ကျောင်းမှ အခြားကျောင်းကို တာဝန်ပေး ခန့်ထားခဲ့ပါကြောင်း၊ အမှတ် (၁) အခြေခံပညာဦးစီးဌာန၊ ရန်ကုန်မြို့၏ ၂၀၀၄ ခုနှစ်၊ ဇူလိုင် ၃၀ ရက်စွဲပါ စာအမှတ်၊ ဌာနခွဲ ၂(က)/၂၉၉/ခထ(အစမ်းခန့်)၂၀၀၄ နှင့် ပြန်တမ်း အမှတ် ၃၁၅(ခ)၊ ၃၁၅(ဂ) တို့တွင် ဆရာ/ဆရာမ ၂၄ ဦးပါဝင်ပြီး သံတွဲမြို့နယ်မှ ဆရာ/ဆရာမ ၁၃ ယောက်မပါရှိဘဲ ၎င်းတို့သည် တာဝန်ချ ထားပေးသော ကျောင်းများတွင် အထက် တန်းပြ(အစမ်းခန့်)များအဖြစ် ယနေ့အထိ တာဝန် ထမ်းဆောင်ခဲ့ ပါကြောင်း။

သို့သော် ၂၀၀၄ ခုနှစ်မှ ယခု ၂၀၁၃ ခုနှစ်အထိ ၉ နှစ်ခန့်ကြာမြင့်ခဲ့သော်လည်း အထက်တန်းပြ(အစမ်းခန့်) ဆရာ/ဆရာမ အဖြစ်သာ ဆက်ပြီး တာဝန်ထမ်းဆောင်နေရခြင်း၊ အထက်တန်းပြ(အမြဲတမ်း) အဖြစ် ယနေ့ထိအမိန့်စာထပ်မံ ထွက်မလာ သည့်အပြင် လစာမှာလည်း အထက်တန်းပြလစာ မခံစားရဘဲ အလယ်တန်းပြလစာကိုသာ ယနေ့အထိ ခံစားနေ ရခြင်း၊ လစာ ထုတ်ယူရာတွင်လည်း မူလ တာဝန်ကျခဲ့သော ကျောင်းများသို့ လစဉ်သွား၍ ထုတ်ယူနေရခြင်းတို့အပြင် ယခုအချိန်၌် ပညာရေးဝန်ကြီးဌာနက အခြေခံပညာ ဆရာ/ဆရာမများကို သတ်မှတ်လုပ်သက်ပြည့်မီလျှင် အဆင့်မြင့် လစာတိုးမြှင့် ခံစားခွင့်ပြုသည့်အချိန်တွင် အထက်ဖော်ပြပါ ဆရာ/ဆရာမများ အနေဖြင့် အလွန်နစ်နာလျက် ရှိနေပါကြောင်း၊ အချို့သော ဆရာ/ဆရာမများသည် ပင်စင်ယူသွားကြသဖြင့် ပင်စင်ယူချိန်တွင် အလယ်တန်းပြဆရာလစာနှင့် ပင်စင်ယူခဲ့ရပါကြောင်း။

ယခု ၂၀၁၃-၁၄ ပညာသင်နှစ်အတွင်းတွင်လည်း တချို့သောဆရာ/ဆရာမများမှာ အလယ်တန်းပြ လစာနှင့်ပင် ပင်စင်ယူရ မည်ဖြစ်ရာ-

(က) ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဆရာ/ဆရာမများကို ရာထူးတစ်ဆင့်မြင့်(အစမ်းခန့်) အဖြစ်ခန့်ထားရာတွင် အစမ်းခန့်ကာလအဖြစ် မည်ကဲ့သို့သတ်မှတ်ထား၍ မည်သည့်အချိန်တွင် အမြဲတမ်းအဖြစ် ခန့်အပ်ပါမည်နည်း။

(ခ) အမြဲတမ်းခန့်အပ်ခဲ့သော၊ ကုန်လွန်ခဲ့သောကာလများအတွက် နစ်နာမှုမရှိစေရန် ပင်စင်ယူထားပြီးသူများနှင့် ပင်စင်ခံစားခွင့်များအပါအဝင် မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်ပါမည်နည်း တို့ကိုမေးမြန်းပါသည်။