(က)ပန်သပိ- ပန်ပိဒေသအတွက် စိုက်ပျိုးရေး နည်းပညာများနှင့် စက်ပစ္စည်းများ ကူညီပံ့ပိုးပေးမည့် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ပန်သပိ၊ ပန်ပိဒေသသည် လင်းခေးမြို့နယ်နှင့် မိုင်းပန်မြို့နယ်အကြား တည်ရှိပြီး ဝေးလံခေါင်သီ၍ သွားလာရန်ခက်ခဲသော တောင်ပေါ်ေ
ဒသကျေးရွာအုပ်စုများ ဖြစ်ပါကြောင်း၊ ပန်သဝိတွင် ရွာပေါင်း ၁၂ ရွာရှိပြီး အိမ်ခြေပေါင်း ၅၅၆၊ လူဦးရေ ၃၀၂၄ ဦးနှင့် ပန်ပိတွင် အိမ်ခြေပေါင်း ၇၀၀၊ လူဦးရေ ၃၇၂၆ ဦးရှိပါကြောင်း ၎င်းကျေးရွာများသည် ယခင်ခေတ် အဆက်ဆက်မှ အခြေချနေထိုင်လာခဲ့ကြ သူများဖြစ်ကြပြီး တောင်ယာစိုက်ပျိုးခြင်း လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ကြပါကြောင်း၊ စစ်ဘေး စစ်ဒဏ်အကြီး အကျယ် ခံစားခဲ့ရသောဒေသဖြစ်ပြီး လင်းခေးမြို့နယ် တိမ်းချောင်းအနောက်ဘက်ခြမ်း သို့ ရွှေ့ပြောင်းရွာ အဖြစ်ပြောင်းရွှေ့ခဲ့သော်လည်း ရပ်ရွာအနေအထား တည်ငြိမ်အေးချမ်းလာသည်နှင့်မအမျှ ပြန်လည်ပြောင်းရွှေ့ အခြေချနေထိုင် လာခဲ့ကြပါကြောင်း၊ ပန်သဝိသည် မအွန်လောင်းမှ ၁၄ မိုင်၊ ပန်သဝိနှင့် ပန်ပိသည် ၁၄ မိုင်ခန့်ကွာဝေးပြီး လက်ရှိအခြေအနေအရ ဆိုင်ကယ်များသွားလာနိုင် ရန် မြေသားလမ်းများကို လူအင်အားဖြင့် တစ်နိုင်ဆောင်ရွက်နေကြသည့်အတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စက်ယန္တရားများဖြင့် လာရောက်ဖော် ဆောင်ပေးမည်ဆိုပါက အုပ်စုတွင်းရှိရွာများ အားလုံး ဆက်သွယ်ရေး ပိုမိုကောင်း မွန်လာမည်ဖြစ်ပြီး မိမိ တို့ဒေသရှိ စိုက်ကွင်း၊ စိုက်ကွက်များကိုလည်း စိတ်တိုင်းကျဖော်ဆောင်နိုင်မည်ဟု ယုံကြည်မျှော်လင့်နေကြပါကြောင်း၊ ထိုကြောင့် ခတ်အဆက်ဆက် ဆင်းရဲဒုက္ခရောက်ခဲ့ရသော ပန်သဝိ၊ ပန်ဝိဒေသ၏ လမ်းပန်းဆက်သွယ်ရေးနှင့် စိုက်ကွင်း စိုက်ကွက် ဖော်ဆောင်ရေးကိစ္စများကို ကူညီဖော်ဆောင်ပေးနိုင် ရန် ပန်သဝိ၊ ပန်ပိဒေသ ဆက်သွယ်သွားလာရေး အတွက် ခေတ်မီစက် ယန္တရားများဖြင့် ရွာချင်းဆက်မြေ သားလမ်းဖောက် လုပ်ပေးနိုင်မည့် အစီအစဉ်ကို လည်းကောင်း၊ ပန်သဝိ၊ ပန်ပိဒေသအတွက် စိုက်ပျိုးရေးနည်း ပညာများနှင့် စက်ပစ္စည်းများကူညီပံ့ပိုးမည့် အစီအစဉ်ရှိ/မရှိကို လည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။