(စ)နိုဇုံဘော် အထက်တန်းကျောင်းခွဲ ယိုယွင်း ပျက်စီးနေသောအဆောက်အဦအား၂၀၁၄-၁၅ ခုနှစ်တွင် ပြန်လည် တည်ဆောက်ပေးရန် အစီ အစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-17

ဦးဇုံးတိန့် (ချီဖွေ)ထွက်ခေါ်သင်္ဘော၊ နိုဇုံဘော်အနီးရှိ ကျေးရွာပေါင်း ၂၈ ရွာသည် ပညာရေးမဖွံ့ဖြိုးသောဒေသ တစ်ခုဖြစ်ပြီး နိုဇုံဘော်အထက်တန်းကျောင်း(ခွဲ)သည် ချီဖွေမြို့ နယ်မှ ၇၅ မိုင်ခန့်ဝေးကွာကာ မြို့နယ်ခွဲနှင့်လည်း ၅၅ မိုင်ခန့်ကွာဝေး ပါသည်။ ယင်းဒေသသည် ယခင်က ကချင်အထူးဒေသဟု ယုံကြည်မှု တည်ဆောက် ကာ ထာဝရငြိမ်းချမ်းရေး ရယူ၍ အသွင်ကူးပြောင်းခဲ့သော ဒေသ တစ်ခုဖြစ်ပြီး ယခင်အစိုးရမှ ဒေသလိုအပ်ချက်များကို တတ်စွမ်း သမျှ ဖြည့် ဆည်း ဆောင်ရွက်ပေးသွားမည်ဟု တာဝန်ခံခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုဇုံဘော် အထက်တန်းကျောင်းခွဲသည် ယခင် ကချင် အထူးဒေသ ၁ မှ တည်ဆောက်ပေးခဲ့သော အဆောက်အဦဖြစ်သည့်အတွက် သက်တမ်းကုန်၍ ယိုယွင်းပျက်စီးနေပါသဖြင့် ပညာရေးဝန်ကြီးဌာနမှ အဆိုပါ နိုဇုံဘော် အထက် တန်းကျောင်း ခွဲ အဆောက်အဦအား အသစ်ပြန်လည် တည်ဆောက်ပေးပါရန်  ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုကြောင်း မေးမြန်းပါသည်။