(စ)နိုင်ငံတော်မှသတ်မှတ်ထားသော ရှေးဟောင်း ဇုန်များနှင့်လယ်ယာမြေများပေါ်သို့ မတိုးချဲ့ရေး အတွက် Future Plan ရှိ/ မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း
နိုင်ငံအတွင်းတွင် မြို့များကျေးရွာများ တိုးချဲ့ရာ၌ လယ်ယာမြေ များနှင့် ရှေးဟောင်း ဇုန်များကို ကျူးကျော်ခြင်း မရှိစေရန် အတွက် မေးမြန်း မည် ဖြစ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ် ၁၉၀ ခန့်က ကုန်းဘောင်ခေတ် ဘကြီးတော် လက်ထက်တွင် စာတမ်းများစစ်တမ်းများအရ လူ ဦးရေ ၈ သန်း၊ လွန်ခဲ့သော နှစ် ၆၀ခန့်က ၁၆သန်း၊ ယနေ့ သန်း ၆၀ ကျော်၊ နောက်နှစ် ၅၀ ရှိလျင်သန်း ၁၀၀ ခန့်ထိ လူဦးရေ တိုးလာ မည်ဖြစ်သော် လည်း လယ်ယာမြေများ တိုးလာခြင်းမရှိပါကြောင်း၊ ယနေ့ တစ်နိုင်ငံလုံးတွင် စိုက်ပျိုးနိုင်သော မြေဧကသန်း ၂၁ သန်းကျော်သာရှိပါကြောင်း၊ လူဦးရေတိုးလာသည်နှင့်အမျှ အိမ်ထောင်စုအသစ်များအတွက် အိမ်များ တိုးလာမည်ဖြစ်ရာ ယခုကပင် အချို့ကျေးရွာများသည် အိမ်များပြည့်ကျပ် လာပြီဖြစ်၍ မဖြစ်မနေတိုးချဲ့ရန်များ ရှိနေပါကြောင်း၊ ထိုသို့တိုးချဲ့လာပါ က နိုင်ငံတော်မှ သတ်မှတ်ထားသော ရှေးဟောင်းဇုန် များနှင့် စိုက်ပျိုးမြေ လယ်ယာမြေများပေါ်သို့ မတိုးချဲ့ရေးအတွက် မည်ကဲ့သို့ အစီအမံများ FuturePlan ရှိ/မရှိကို သိရှိ လိုကြောင်း မေးမြန်းပါသည်။