(ည)ရန်ကုန်မြို့လယ်ရှိအိုမင်းဟောင်းနွမ်းနေသော ရဲစခန်းကြီးများအား ခန့်ညားထည်ဝါသော ရဲ စခန်းကြီးများအဖြစ် ပြုပြင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းပေးသည့် မေးခွန်း
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့လယ်ရှိ ရဲစခန်းများသည် လမ်းမကြီးများ၊ လမ်းကျယ်များတွင် တည်ရှိနေပြီး ရဲစခန်းအဆောက်အဦများမှာ နှစ်ပေါင်း ၁၀၀ နီးပါး ကြာမြင့်နေပြီးဖြစ်သောကြောင့် ခိုင်ခံ့မှုအားနည်းနေပြီး အခန်းဖွဲ့စည်းပုံများ၊ စြင်္ကံလမ်းများသည်လည်း ယိုယွင်းပျက်စီးနေသောကြောင့် ပြန်လည် တည်ဆောက်ရန် စီစဉ်နေကြောင်း ကြားသိရသဖြင့် အလွန်ဝမ်းသာမိပါကြောင်း၊ ရဲစခန်းများသည် တရားဥပဒေစိုးမိုးရေးအတွက် အားကိုးအား ထားပြု ရာနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးသော နေရာ များဖြစ်သည့် အပြင် လူဆိုးလူမိုက်များအတွက် ပညာပေးသော နေရာ များဖြစ်သောကြောင့် ရဲစခန်းအဆောက်အဦများသည် ခန့်ညားထည်ဝါမှုရှိရန် လိုအပ်ပါကြောင်း၊ ကန်ထရိုက်တိုက်ပုံစံ အခန်းများမဖြစ်ရန်လည်း လိုအပ် ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယခင်က နာမည်ကြီးခဲ့သော လမ်းမတော်ဖိုးတုတ်၏ ဘုန်းကြီးလမ်းကပ်သည် ယခုအချိန်တွင် ကန်ထရိုက်တိုက် အခန်း အဆင့်လောက်သာရှိသောကြောင့် ရန်ကုန်မြို့တွင် ပြည်သူများ အားကိုးအားထား ရာဖြစ်သော ပြည်သူ့ရဲစခန်းများကို ခိုင်ခန့်ထည်ဝါပြီး လုံခြုံမှုရှိသောရဲစခန်းများ အဖြစ် ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုကြောင်းမေးမြန်းပါသည်။