(က)ဝန်ထမ်းများအသစ်ခန့်ထားသည့် အခါဖြစ်စေ၊ ပြောင်းရွှေ့တာဝန်ချထားသည့် အခါဖြစ်စေ၊ ဝန်ထမ်းများ၏ဆန္ဒကို ရယူကာ စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ရခိုင်ပြည်နယ်ရှိ လူငယ်လူရွယ်များသည် ဘွဲ့ရပြီး ဝန်ထမ်းအများဆုံး လုပ်ကိုင် ပါကြောင်း၊ ရခိုင်ပြည်နယ်၏ မြို့နယ်ဒေါ်ခင်စောဝေ (ရသေ့တောင်)တစ်ချို့တွင် ဝန်ထမ်းအသစ် အဟောင်း များ ပြောင်းရွှေ့ခန့်ထားရာ၌  အမြဲနေထိုင်ရာဒေသမှ ဝေးလံသော ဒေသများ သို့ ပြောင်းရွှေ့တာဝန်ချ ထားခြင်းများကြောင်း မိသားစု စားဝတ်နေရေး၊ လူမှုရေး ပြဿနာများ ကြုံတွေ့နေရ သည့်အတွက် ဤမေးခွန်း ကို မေးမြန်းရခြင်းဖြစ်ပါကြောင်း၊  မိမိဒေသရှိ ဌာနများတွင် တာဝန်ထမ်းဆောင်နေ သည်မှာ အဆင်ပြေနေကြပါသော်လည်း အခြားဒေသသို့ ပြောင်းရွှေ့ တာဝန်ပေး လိုက်ခြင်းကြောင့် သာမန်ဝန်ထမ်း တစ်ဦးအနေဖြင့် ၎င်းတို့ရရှိသောလစာနှင့် စားဝတ်နေရေးပြေလည်အောင် ဖြေရှင်းရန် အခက်အခဲ များစွာရှိနေကြပါသည်။ အခြားဒေသတစ်ခုကို ပြောင်းရွှေ့လိုက်ခြင်းကြောင့်  အိမ်ငှားရခြင်း၊ အိမ်ခန်းငှားခ သည် လစာ၏ သုံးပုံနှစ်ပုံခန့် ဖြစ်နေခြင်း၊ ဇနီးမောင်နှံနှစ်ဦးစလုံး ဝန်ထမ်း များဖြစ်နေလျှင်လည်း သားသမီးများ၏ ကျောင်းကိစ္စ၊ လူမှုရေးကိစ္စများနှင့် အိမ်ထောင်စု နှစ်စုစာအတွက် ကုန်ကျစရိတ်များပြားနေခြင်း စသည့်အခက်အခဲများကြောင့်  ဝန်ထမ်းအချို့ သည် နှုတ်ထွက်စာ တင်ကြရသည်အထိ ဖြစ်လာကြရပါကြောင်း၊  ဝန်ထမ်းများကို တစ်နေရာမှ တစ်နေရာ သို့ ပြောင်းရွှေ့ခြင်းအားဖြင့် နိုင်ငံတော်မှ ကုန်ကျစရိတ်များပြားခြင်း၊ မဖွံ့ဖြိုးမတိုးတက်သေးသောေ ဒသများသို့ တစ်ချို့ဝန်ထမ်းများအား အပြစ်ပေး ပြောင်းရွှေ့ထားခြင်းဖြင့် ဒေသခံပြည်သူများသည် ဌာန၏ထောက်ပံ့ကူညီမှုကို  မရရှိခြင်းတို့ကြောင့်  ဒေသဖွံ့ဖြိုးရေးကို လိုလားသော ဝန်ထမ်းများကိုသာ တာဝန်ပေးစေလွှတ်သင့်ပါကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများအလုပ်ခန့် ထားရာ၌ဖြစ်စေ၊ ပြောင်းရွှေ့တာဝန်ချထားရာ၌ဖြစ်စေ မူတစ်ရပ်ရှိသင့်သည်ဟု ယူဆမိပြီး အဆိုပါမူမှာလည်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏နေထိုင်ရာ မြို့နယ်၊ ပြည်နယ်၊ တိုင်းဒေသတို့အပေါ်အခြေခံရမည်ဖြစ်ပါကြောင်း၊ မလွဲမသွေပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရမည်ဆိုပါက  ဝန်ထမ်းများ၏ဆန္ဒကိုရယူပြီး အနီးစပ်ဆုံးတိုင်းဒေသများကို တာဝန်ပေး၊ ပြောင်းရွှေ့ ပေးခြင်း များ ပြုလုပ်ပေးသင့်ပါကြောင်း၊  ထို့ကြောင့် နိုင်ငံတာဝန်ကို ထမ်းဆောင်နေကြသော ဝန်ထမ်းများအနေဖြင့် မိမိဒေသ၊ မိမိတို့၏ပြည်နယ်၊ တိုင်းဒေသကြီးများတွင် တာဝန်ထမ်းဆောင်နိုင်ခွင့်ရမည်ဆိုပါက မိမိတို့၏ ဒေသ အကျိုးများကို ပိုမိုထမ်းဆောင်နိုင်မည်ဖြစ်ပါ၍ ဝန်ထမ်းများအသစ်ခန့်ထားသည်‌့ အခါဖြစ်စေ ပြောင်းရွှေ့တာဝန်ချ ထားသည့် အခါဖြစ်စေ ဝန်ထမ်းများ၏ဆန္ဒကိုရယူကာ စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းပါသည်။