(ခ)လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းကိရိယာများ ElectricalandElectronic Equipment (E.E.E) စံချိန်စံညွှန်းများနှင့်ပတ်သက်ပြီးသဘောတူညီချက် အပေါ်ဆောင်ရွက်ပြီးစီးမှုအခြေအနေအား သိရှိလိုသည်နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-17

မိမိအနေဖြင့် အာဆီယံနိုင်ငံများ၏ လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်း ကိရိယာများ  Electrical and Electronicဦးကြည်သာ (ဂွ) Equipment (E. E. E) စံချိန်စံညွှန်းများနှင့်ပတ်သက်ပြီး သဘောတူညီချက် Matual Recognition Agreement (MRA) အပေါ် မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်ပြီးစီးမှု အနေအထားနှင့် ၂၀၁၂-၁၃ ခုနှစ်တွင် အာဆီယံနိုင်ငံများအနေဖြင့် တစ်ခု တည်းသောစံချိန်စံညွှန်းအောက်တွင် ဆောင်ရွက်ရန် အကောင်အထည်ဖော်မှု Implement a single regulatory regime for EEE အခြေအနေ အား သိလိုသောကြောင့် မေးမြန်းရခြင်းဖြစ်ပါသည်။

 မေးခွန်းနှင့် စပ်လျဉ်း၍လည်း အောက်တိုဘာလ ၇ ရက်နေ့ မိတ္ထီလာမြို့၌ အသက် ၁၆ နှစ်အရွယ် ဆိတ်ကျောင်းသားလေး တစ်ယောက် သည် ပြတ်ကျနေသော ဝါယာကြိုးကိုနင်းမိပြီး အသက်သေဆုံးသွား သည်ကို ဖတ်လိုက်ရပါသည်။ လျှပ်စစ်ဝါယာကြိုးတစ်ခုကို လုပ်ထုံးလုပ်နည်း၊ စံချိန်စံညွှန်းများနှင့် တပ်ဆင်ထားပါက ဝါယာကြိုး ပြုတ်ကျလာလျှင်လည်း Earth ကြိုးမှတစ်ဆင့် မြေကြီးထဲကိုလျှပ်စစ်များစီးဝင်သွားပြီး ဝါယာကြိုးမြေပြင်ကို မရောက်မီမှာပင် လျှပ်စစ်ကိုအားလုံး ဖယ်ရှားပြီးသားဖြစ်ရပါမည်။ လွန်ခဲ့သော အနှစ် ၅၀ က စံချိန်စံညွှန်များသတ်မှတ်ခဲ့သော  စည်းမျဉ်း ရှိပါသော်လည်း အဆိုပါစံချိန်စံညွှန်းများကို အသေးအဖွဲကအစ မလိုက်နာခဲ့သည့်အတွက် ၂၀၁၀-၁၁ ခုနှစ်တွင် ဓာတ်လိုက်မှုကြောင့် လူ ၁၃၃ ဦးထိသေဆုံးရသည့်အပြင် ဒီနေ့ဝါယာကြိုးရှော့ဖြစ်ပြီး အဆောက်အဦကြီးများ မီးလောင်ပျက်စီးသွားရခြင်းများ ဖြစ်ပေါ်ခဲ့ရပါသည်။ ယနေ့မြန်မာနိုင်ငံ၏ လျှပ်စစ်ပျောက်ဆုံးမှုယူနစ်သည် ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိရှိသောကြောင့် သုံးစွဲသူများကို မဂ္ဂါဝပ် ၁၀၀၀ ရောက်ရန်အတွက် ၁၂၅၀ မဂ္ဂါဝပ်ထုတ်လုပ်ရပါမည်။ သတ်မှတ်တဲ့စံချိန်စံညွှန်းများမရှိခြင်း၊ မလိုက်နာခြင်းအချက်များကြောင့် မဂ္ဂါဝပ် ပျောက်ဆုံးယူနစ်များပြားရခြင်း သည် ဖြစ်ပါသည်။ စံချိန်စံညွှန်းနှင့်ပတ်သက်၍ ် International Electro Technical Committee  (IEC) ဟုခေါ်သော NGO၊ Non Profit  Organization ဟုခေါ်သော အကျိုးအမြတ်လုံးဝခံစားမှု မရှိသော ကော်မတီကြီး သည် ကမ္ဘာပေါ်တွင် မည်ကဲ့သို့သောလျှပ်စစ်ပစ္စည်းကိရိယာ မဆို စံချိန်စံညွှန်းများကို သတ်မှတ်ပေးသည့် အဖွဲ့ကြီးဖြစ်ပါသည်။ IEC ၏ သတ်မှတ်စံချိန်စံညွှန်းများသည်လည်း အလွန်မြင့်မားသည့်အတွက် အာဆီယံ ၁၀ နိုင်ငံတွင် စင်ကာပူတစ်နိုင်ငံတည်း တိုင်းတာနိုင်ပါသည်၊ ထို့ကြောင့် အာဆီယံနိုင်ငံများအနေဖြင့် IECကဲ့သို့ စံချိန်စံညွှန်းများကို မလိုက်နာလျှင်သော် အာဆီယံနိုင်ငံများအနေနှင့် စံချိန်စံညွှန်းတစ်ခုသတ်မှတ်ရန် MRA (Matual Recognition Agreement)ဟုခေါ်သော အာဆီယံနိုင်ငံအားလုံး လိုက်နာနိုင်သည့် Agreement ကို ၂၀၀၃ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့ပါသော်လည်း E.E.E Standard တွေဟာရောက်ရှိလာခြင်း မတွေ့ရပါကြောင်း၊ ၂၀၀၈ ခုနှစ်တွင် မိမိတို့ အလုပ်ရုံဆွေးနွေးပွဲ တစ်ခု သွားတက်ပါသည့်အခါအတွင်လည်း အာဆီယံနိုင်ငံများအနေဖြင့်  လျှပ်စစ် Standardများကို မည်သို့ဆောင်ရွက်ကြမည်ဆိုသည့် Road Map ကိုအသေးစိတ်ရေး ဆွဲထားပြီး အဆိုပါ ရုတ်မန့် အရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် Designtyကို ယူထားပါသည၊်၊ ထိုအတိုင်းသာဆိုပါက  ၂၀၁၂-၁၃ ခုနှစ်မှာပင် မိမိတို့က အာဆီယံနိုင်ငံများအနေဖြင့် အာဆီယံ  Visionအရ စံချိန်စံညွှန်းတစ်ခုအောက်တွင် ရောက်ရှိနေရမည်ဖြစ်ပါသည်။ Vision အရ အာဆီယံနိုင်ငံများသည် အာဆီယံ Power Grit (ခေါ်) လျှပ်စစ်ကွန်ယက်တစ်ခုကို ဆောင်ရွက်ထားရှိဖြစ်သည့်အတွက် ကျွန်တော်တို့ နိုင်ငံ၏ လျှပ်စစ်ဓာတ်အားကို စင်ကာပူ၊ ကမ္ဗောဒီးယား စသည့်နိုင်ငံများအထိ 500 KV၊ 700 KV ဓာတ်အားလိုင်းများ ဆက်သွယ်ထားရမည်ဖြစ်ပါသည်။  မိမိတို့နိုင်ငံ၏ ရေအားလျှပ်စစ် လက်တွေ့ဖြစ် ထွန်းနိုင်သော မဂ္ဂါဝပ်သည် ၄၅၀၀၀၊ ၅၀၀၀၀ ရှိသော်လည်း  ၂၅၀၀ခန့်သာ  ထုတ်နိုင်သည့်အတွက်ကြောင့် ၅ ရာခိုင်နှုန်းကသာ ထုတ်နိုင်သေးရာ မဂ္ဂါဝပ် ၄၅၀၀၀ ကနေ ၅၀၀၀၀ ထုတ်နိုင်သည့်အချိန်တွင် လည်း ရေနှင့်မောင်းသည့်အတွက်ကြောင့် ကုန်ကျစရိတ်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အလွန်နည်းပါသည်။ ထိုကြောင့် မိုးရာသီတွင် မဂ္ဂါဝပ် ၄၅၀၀၀၊ ၅၀၀၀၀ အပြည့်ထုတ်၍ ရေအားအရင်းအမြစ်မရှိပါသော  ထိုင်း၊ စင်ကာပူ၊ မလေးရှား ထိရောင်းပြီး နွေရာသီတွင် မိမိ တို့ နိုင်ငံကမီးလိုသော အခါမှ စင်ကာပူတို့၊ မလေးရှားတို့ကပြန်ဝယ်မည်ဖြစ်ပါကြောင်း၊  ဂျာမဏီ၊ စပိန်၊ ပြင်သစ် စသည့် ဥရောပနိုင်ငံများသည် ထိုကဲ့သို့ EU Grid ကြီးနှင့် အချိန်နှင့်အမျှ လျှပ်စစ်ကို အပေးအယူလုပ်နေကြတာ ဖြစ်ပါကြောင်း၊ ဤကဲ့သို့အရေးကြီးသော E.E.E စံချိန်စံညွှန်းအား မြန်မာနိုင်ငံက ၂၀၀၃ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပြီး ယခုအခါ ၁၀ နှစ်နီး ပါးကြာပြီဖြစ်သည့်အတွက် ကြောင့် Disunity Authority အဖြစ် တာဝန်ယူထားရသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၏ ဆောင်ရွက်မှု အခြေအနေကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။