(ဆ)ရွာသာယာကြီးအုပ်စု၊တောင်ယာအလယ်ပိုင်းတွင် တွင်းတိမ်(၁)တွင်းနှင့်ရွှေတဲသဲကုန်း ကျေးရွာတွင် တွင်းနက်(သို့) တွင်းတိမ် (၁)တွင်း တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ နယ်မြေသည် ရေလိုအပ်ချက်ရှိသည်နှင့်အညီ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ပြည်ေ
ထာင်စုအဖွဲ့က ချထားပေးသော ရေတူးတွင်း ၆ တွင်းရှိပါကြောင်း၊ သို့သော် ရွာသာယာကြီးအုပ်စု၊ တောင်ယာ အလယ်ပိုင်းနှင့် ရွှေတဲ သဲကုန်း ကျေးရွာတို့တွင် စည်ပင်သာယာရေးဌာနနှင့် လူမှုကွန်ယက်အဖွဲ့များ၏ အကူအညီဖြင့် ရေတွင်းများ တူးပေးခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ဘဲ ငွေအရင်း အနှီးလုံလောက်မှသာတူး၍ ရနိုင်သည့် နေရာများဖြစ်ကြောင်း၊ ယခုလည်း သောက်ရေ သောက်နေရပါကြောင်း၊ သို့သော် ရေရှား ပါသော နွေရာသီတွင် ရေပြတ်ခြင်းများကြုံတွေ့ရသည့်အတွက် မီးရေးထင်းရေး ကိစ္စများတွင် အလွန်အန္တရာယ်ရှိနေသောကြောင့် ဒေသခံပြည်သူများက အရေးတယူ တူးပေးရန် တင်ပြလာကြပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု ဌာနက ယင်းဒေသနှစ်ခုကို ယခု ဘဏ္ဍာနှစ် မဟုတ်သည့်တိုင် နောက် ဘဏ္ဍာနှစ်များတွင် တူးပေးရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။