(ခ) မြန်မာနိုင်ငံတွင်ခုတင် (၅၀)နှင့် (၂၅)ခုတင် မြို့နယ်ဆေးရုံမည်မျှရှိ၍ လက်ထောက် ဆရာဝန်များအတွက် ဝန်ထမ်းအိမ်ရာဆောက် လုပ်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း Primary tabs View(active tab) Edit

2020-12-17

ဦးသန်းဝင်း (တောင်တွင်းကြီး)လွှတ်တော်ကိုယ်စားများမှ မိမိတို့သက်ဆိုင်ရာမြို့နယ်အလိုက် ဆေးရုံများတွင် ဆရာဝန်လိုအပ်ချက်များ၊ ခုတင်အဆင့်တိုးပေးရန်နှင့် ဆေးရုံအဆင့် တိုးပေးရန် ကိစ္စ များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာဝန်ကြီးဌာနမှ အဆင့်တိုးပေးရန်အစီ အစဉ်ထက် လက်ရှိဆေးရုံများကို စံကိုက်ဝန်ထမ်းခန့်ထားပေးရန် ကတိက ဝတ်ဖြင့် ဖြေကြားသွားခဲ့သည်ကို သိရှိရပါသည်။ ယင်းသို့ ခန့်ထားပေးမည် ဆိုပါက ဆေးရုံတိုင်း၌ လက်ထောက်ဆရာဝန်များ ရရှိလာမည်ဖြစ်ပြီး ဆရာဝန်တစ်ထောင်ကျော်ခန့်ကိုလည်း ဆက်လက်ခန့်ထားရန်  စီမံဆောင်ရွက် ထားပြီးဖြစ်ကြောင်း သိရပါသည်။ ယနေ့အချိန်တွင် ကျန်းမာရေးဘတ်ဂျက်ကို လွှတ်တော်နှင့် အစိုးရမှ ဟန်ချက်ညီညီ ပိုမိုသုံးစွဲခွင့် ပြုထားခြင်းကြောင့် တိုင်းခရိုင်၊ မြို့နယ်နှင့် တိုက်နယ်ဆေးရုံ RHC နှင့် SC အဆင့်ထိပါ ဆေးဝါး များ၊ ဆေးကုသ မှုနှင့် ဆေးဝါးထုတ်ပေးမှုများ အခမဲ့အဆင့်လုပ်ပေးထားသည်ကို ကွင်း ဆင်းလေ့လာတွေ့ရှိရပါကြောင်း၊ ဘတ်ဂျက်ကို ပိုမိုသုံးစွဲခွင့် ရသည့်အတွက် လူနာများ အခက်အခဲမရှိ အဆင်ပြေနေသော်လည်း ဆေးကုသပေးနေသော လက်ထောက် ဆရာဝန်များအတွက် အဆင့်နှင့်လျော်ညီသည့် ဝန်ထမ်းအိမ်ရာများ ဆေးရုံတိုင်း၌ လိုအပ်လျက်ရှိနေသည်ကို လေ့လာတွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့ဘတ်ဂျက်သုံးစွဲရာတွင် ဟန်ချက်ညီညီသုံးစွဲနိုင်စေရန်အတွက် မြန်မာနိုင်ငံတွင် ၂၅ ခုတင် ဆံ့ဆေး ရုံ နှင့် ခုတင်-၅၀၀ ဆံ့ဆေးရုံ အရည်အတွက်ကိုလည်းကောင်း၊  ခုတင်-၅၀ အဆင့် မြို့နယ်များတွင် လက်ထောက် ဆရာဝန်များ အတွက် ၄ ခန်းတွဲ ဝန်ထမ်းအိမ်ရာ တစ်လုံး၊ ၂၅ ခုတင်ဆံ့မြို့နယ်များတွင် ၂ ခန်းတွဲ ဝန်ထမ်းအိမ်ရာ တစ်လုံး ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဆောက်လုပ်ပေးမည်ဆိုပါက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် စီမံကိန်းနှစ်အလိုက် ရန်ပုံငွေမှ မည်ကဲ့သို့ စီမံ ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။