(ဂ)ကလေးခရိုင်၊ ခုတင် (၂၀၀)ဆေးရုံကြီးတွင် သမားတော်ကြီး (ဖျားနာ)၊ လ/ထ ဆရာဝန် (ဖျားနာ) (၂) ဦးနှင့် မျက်စိအထူးကု ဆရာဝန်ကြီး၊ ဓာတ်မှန်ဆရာဝန်တစ်ဦး ထပ်မံခန့်ထားပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
ကလေးမြို့နယ်သည် လူဦးရေ ၃၀၀၀၀၀ ကျော် နေထိုင်သော မြို့နယ်ဖြစ် ပြီး နိုင်ငံတော် အလိုက် ဖွင့်လှစ်ပေးထားသော ခုတင်
၂၀၀ ဆံ့ ဆေးရုံကြီးသည် ကလေးမြို့နယ်မှ ဒေသခံများအပြင် ကလေးဝ၊ မင်းကင်း၊ တမူးမြို့နယ်များ မှ ပြည်သူများ၏ အားထားရာလည်းဖြစ်ပါကြောင်း၊ ယခုအခါ အရေးကြီး အထူးကု ဆရာဝန်ကြီးများရှိကြသော်လည်း အောက်ပါအထူးကု ဆရာဝန်ကြီးများ လစ်လပ်နေသည့်အတွက် အမြန်ဆုံးခန့်ထားပေးရန် နှင့် အစားထိုးခန့်ထားပေးရန် သိရှိလို၍ မေးမြန်းရခြင်းဖြစ်ပါသည်။လစ်လပ်လျက်ရှိသောသမားတော်ကြီး (ဖျားနာ)နှင့်လက်ထောက် သမားတော်(ဖျားနာ) နှစ်ဦးကို ခန့်ထားပေးရန်၊ မျက်စိအထူးကုဆရာဝန်ကြီးသည် နေပြည်တော်(မျက်ခမ်းစပ်)ကို ပြောင်းရွှေ့ သွားသည့်အတွက် မျက်စိဝေဒနာ ရှင်များ အခက်အခဲတွေ့ရသောကြောင့် မည်သည့်အချိန်တွင် ခန့်ထားပေးမည်ကို သိရှိလိုသည့် အပြင်ဓာတ်မှန် ဆရာဝန်တစ်ဦးရှိသော်လည်း တာဝန်နှင့်ခရီးသွားခြင်း၊ သင်တန်းတက်ခြင်း၊ ခွင့်ခံစားခြင်းများရှိပါက ဓာတ်မှန် ဖတ်ရန် အခက် အခဲရှိသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုထိခိုက်မည်ကို စိုးရိမ်နေကြသည့်အတွက်လည်း ဓာတ်မှန် ဆရာဝန်တစ်ဦး ထပ်မံခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိနှင့်ခန့်ထားေ ပးမည်ဆိုပါက မည်သည့်အချိန်တွင် ခန့်ထားပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။