(ဃ)မျက်ချင်းနုကျေးရွာတွင်ကျေးလက်ကျန်းမာရေး ဌာနခွဲတစ်ခုဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
နောင်ချိုမြို့နယ်၊ မျက်ချင်းနုအုပ်စုကို နောင်ဟော၊ မျက်ချင်းနု၊ ဇလုရင်၊ နမ့်စန်ဟူ၊ နမ့်ပန်တက်၊ ပန်လန်း၊ ရေလျင်ကျေးရွာ စုစုပေါင်း
ကျေးရွာ ၇ ရွာတို့ဖြင့် ဖွဲ့စည်းထားပြီး အုပ်စုအိမ်ခြေ ၄၅၉၊ လူဦးရေပေါင်း ၂၉၁၅ ဦးရှိပါကြောင်း၊ ၂၅ ခုတင်ဆံ့ နောင်ချို ပြည်သူ့ဆေးရုံနှင့် ၅ မိုင်ခန့် ကွာဝေးသောကြောင့် ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခုဖွင့်လှစ်ပေးခြင်းဖြင့် မျက်ချင်းနု အုပ်စုတွင် သာမက နီးစပ်ရာကျေးရွာများအတွက်ပါ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ကျေးလက် ကျန်းမာရေးဌာနခွဲ၏ အဆောက်အဦကို သတ်မှတ်ချက် စံချိန် စံညွှန်းဖြင့် ဆောက်လုပ်ပြီးစီးထားပြီး ဖြစ်သော ကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွင် အထောက်အကူပြုသည့် မျက်ချင်းနုကျေးရွာအုပ်စု အတွက် ကျေးလက် ကျန်းမာရေးဌာနခွဲ တစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဖွင့်လှစ်ပေးမည်ဆိုပါက မည်သည့်အချိန်ကာလတွင် ဖွင့်လှစ်ပေးမည်ကို သိရှိလို ပါကြောင်းမေးမြန်းပါသည်။