(စ)ယင်းမာပင်မြို့နယ်ဆေးရုံအားခရိုင်အဆင့်ဆေးရုံသို့ အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
2020-12-17
စစ်ကိုင်းတိုင်းဒေသကြီးရှိ ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲနှင့် ကနီမြို့နယ်များကို စုစည်းကာ ယင်းမာပင်ခရိုင်အဖြစ် သတ်မှတ်အတည်ပြုပြီး ခရိုင်ရုံးစိုက်ရာ ယင်းမာပင်မြို့သည် လက်ရှိ ၂၅ ခုတင်ဆံ့ဆေးရုံ အဆင့်သာရှိ ပါ သည်။ ဆေးရုံဖွဲ့စည်းပုံ ပြည့်စုံစွာရှိပြီး ဝန်ထမ်းများနှင့်ဆေးရုံအုပ်တို့၏ ကြိုးစားမှုကြောင့်လည်းကောင်း၊ အခမဲ့ ကုသပေးနိုင်မှုကြောင့်လည်းကောင်း ပြည်သူများက အားကိုးလာကြပြီး ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း ပိုမိုပေးနိုင် သည်ကိုတွေ့ရှိရသည်အတွက် မုံရွာမြို့နှင့် မိုင် ၂၀ ခန့်ဝေးကွာသော်လည်း ခရိုင် အဆင့်နှင့်လျော်ညီသော ဆေးရုံ တစ်ရုံကို အဆင့်တိုးမြှင့်ပေးနိုင်ခြင်းရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။