(စ)ကျွဲနွားနှင့်ဆိတ်တို့အားတရားမဝင်ပြည်ပသို့ တင်ပို့ရောင်းချနေခြင်းကိုတားမြစ်ရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

နိုင်ငံတော်၏ နယ်စပ်အသီးသီးဖြစ်ကြသော အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေရှ်နိုင်ငံ၊ လာအို၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ ဦးတင်မောင် (ချမ်းမြသာစည်)နယ်စပ်များမှ တစ်ဖက်နိုင်ငံများသို့ တရားဝင်တစ်မျိုး၊ မှောင်ခိုနည်းဖြင့်တစ်ဖုံ ခိုင်းနွားများ၊ ခိုင်းကျွဲများနှင့်ဆိတ်များကို တရားမဝင် ရောင်းဝယ် ဖောက်ကားနေကြသည့်အတွက် မြန်မာနိုင်ငံအတွင်း နွား၊ ကျွဲနှင့် ဆိတ်ဈေးနှုန်းများ တစ်နေ့တစ်ခြား မြင့်တက် လျက် ပြည်သူများ အသားစားသုံးမှုတွင် အခက်အခဲရှိနေ ပါကြောင်း၊  မြန်မာနိုင်ငံသည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကြိုးစားပြောင်းလဲနေသော အချိန်ဖြစ်သော် လည်း ရာခိုင်နှုန်းအနည်းငယ်သာ စက်မှုလယ်ယာသို့ ပြောင်းလဲနိုင်ပြီး ကျန်ရာ ခိုင်နှုန်းများစွာသော တောင်သူ လယ်သမားများသည် သာမန်နု ပျိုသောနွားများ၊ ကျွဲများကိုသာ လယ်ယာလုပ်ငန်းခွင်တွင် အသုံးပြု ဆဲဖြစ်ပါကြောင်း၊ သို့သော် ယခုအခါ ခိုင်းနွားတစ်ကောင် ၁၀ သိန်းကျပ်ခန့်၊ ခိုင်းကျွဲ တစ်ကောင် ၇ သိန်းကျပ်ခန့် အထိမြင့် တက်နေသည့်အတွက် ဆင်းရဲသည့် တောင်သူလယ် သမားများအတွက် ကျွဲ၊ နွားများဝယ်ယူပြီး လုပ်ငန်းတွင် အသုံးမပြုနိုင်ဖြစ်နေပါကြောင်း၊ ယင်းအကျိုးဆက်အဖြစ် တစ်ချိန်တွင် ဆန်၊ ကောက်ပဲသီးနှံ စသည့် အစားအစာများ လျော့နည်းလာနိုင်ပြီး ပြည်တွင်းအသားဈေးနှုန်းများ အလွန်မြင့်မား၍ ပြည်သူများအသား စားသုံးရန်ခက်ခဲလာခြင်း၊ လယ်ယာလုပ်ငန်းခွင်၌  ထွန်ယက်စိုက်ပျိုးရန် ကျွဲ၊ နွားများရှားပါးလာ၍ လယ်ယာစိုက်ပျိုးရေး ထိခိုက်လာနိုင်ပြီး စားနပ်ရိက္ခာများ ရှားပါလာနိုင်ခြင်း၊ ပြည်ပပို့ကုန် ဆန်နှင့် ပဲမျိုးစုံ အထွက်နည်းပြီး နိုင်ငံခြား ဝင်ငွေ ကျဆင်းနိုင်ခြင်း၊  တိရစ္ဆာန်များမှောင်ခိုမှုကြောင့် အကောက် အခွန်များမရ၍ နိုင်ငံတော်အတွက် ရသင့်သော အခွန်ငွေများ ဆုံးရှုံးခြင်းစသည့် ဆိုးကျိုးများကြောင့် တစ်ဖက်နိုင်ငံများ သို့ ကျွဲ၊ နွားနှင့်ဆိတ်တို့အား တရားမဝင် တင်ပို့ရောင်းချခြင်းကို တားမြစ်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ မည်ကဲ့သို့ ဆောင်ရွက်နေသည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။