(ဂ)မြို့နယ်တရားရုံးများတွင် သိမ်းဆည်းထားသော ယာဉ်များအားမည်ကဲ့သို့ စီစဉ်ထားရှိပြီး ဈေးပြိုင် စနစ်ဖြင့် ရောင်းချပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-17
 

သာစည်မြို့နယ် မြို့နယ်တရားရုံးများမှ ဥပဒေအရ သိမ်းဆည်းထားသော ယာဉ်များအနက် အချို့ယာဉ်များကို နိုင်ငံတော်ပိုင် အဖြစ်သိမ်းဆည်း ထားကြောင်း လေ့လာတွေ့ရှိရပါသည်။ သို့သော် ၎င်းယာဉ်များကို အမိုးအ ကာအောက်တွင် မထားရှိသာကြောင့် ယိုယွင်းပျက်စီးနေပါကြောင်း၊ ထိုယာဉ်များ ကို နိုင်ငံတော်ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည် ဆိုပါက နိုင်ငံတော် အတွက် ထိုက်သင့်သည့်ငွေကြေးများ ရရှိနိုင်မည် မဟုတ်သည့် အပြင် စက်မှု မထွန်းကားသေးသည့် နိုင်ငံများ အတွက် သက်တမ်း မလွန်သေးသည့် ယာဉ်များ သုံးစွဲခွင့်ကိုလည်း ထိခိုက်စေသောကြောင့် မြို့နယ်တရားရုံးများ တွင် နိုင်ငံ ပိုင်အဖြစ် သိမ်းဆည်း ထားသောယာဉ်များအား မည်ကဲ့သို့စီစဉ်ထားရှိပြီး မပျက် စီးမီ နိုင်ငံတော်မှ ဈေးပြိုင်စနစ်ဖြင့် အမြန်ဆုံးရောင်းချပေးနိုင်ခြင်း ရှိ/မရှိကို သိရှိ လိုပါကြောင်း မေးမြန်းပါသည်။