(ဃ)ဌာနဆိုင်ရာ ယာဉ်အို/ဟောင်းများအားဖျက်သိမ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် သင့်တင့်သော ယာဉ်များအစားထိုး ဆောင်ရွက်ပေးမည့်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
တစ်နိုင်ငံလုံးးရှိ ဌာနဆိုင်ရာများမှ မော်တော်ယာဉ်အများစုသည် နှစ် ၃၀ ကျော်လွန်သော ယာဉ်အို/ယာဉ်ဟောင်း များ ဖြစ်သောကြောင့် ဝန်ထမ်းများ အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း၊ ဝန်ထမ်းများ ကြို့ပို့ရာတွင် လည်း ကောင်း၊ အမိုးအကာများ လုံခြုံမှုမရှိခြင်းတို့ကြောင့် မိုးမလုံခြင်း၊ ကြမ်းခင်း မပြည့်စုံခြင်း၊ လှေကားများ ကျိုးပျက်ခြင်း၊ စက်ပစ္စည်းပိုင်း ချို့ယွင်းမှုများဖြင့် လမ်းခရီးကြန့်ကြာမှုများ ကြုံတွေ့နေရသည့်အပြင် မော်တော်ယာဉ်များမှ မီးခိုးများ ထွက်သဖြင့် ကျန်းမာရေးထိခိုက်မှုများရှိခြင်း၊ စွမ်းဆောင်ရည်ကျ ဆင်းစေခြင်း၊ နိုင်ငံတော်ကုန်ထုတ် စွမ်းအားလျော့ ချစေခြင်း၊ ပြင်ဆင်စရိတ် များကြောင့် နိုင်ငံတော်အစိုးရ၏ ရန်ပုံငွေပိုမိုသုံးစွဲရပြီး တိုင်းပြည်ဖွံ့ဖြိုးတိုး တက်စေမည့် အခြားကဏ္ဍများမှ ရန်ပုံငွေများ လျော့နည်းသုံးစွဲရခြင်း စ သည့် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရှိ ဌာနဆိုင်ရာများ တွင်ရှိကြသော TE 11, D 21, ရိန်းဂျားကားများ အစရှိသဖြင့် အနှစ် ၃၀ ကျော် မော်တော်ယာဉ် ယာဉ်အို/ယာဉ်ဟောင်းများကို သင့်လျော်သော မော်တော်ယာဉ်များနှင့်လဲလှယ်ပေးခြင်းဖြင့် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အဓိကအခန်းကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သော ဝန်ထမ်းများ ရုံးတက် ရုံးဆင်းချိန် အဆင်ပြေ သက်သာစေခြင်း မိမိတို့၏ တာဝန်ဝတ္တရားများကို စွမ်းအားပြည့်ထမ်းဆောင်နိုင်မည်ဖြစ်ခြင်း ယာဉ်အို/ယာဉ်ဟောင်း ပြုပြင်စရိတ်များ သက်သာစေနိုင်ခြင်း၊ ဘဏ္ဍာငွေ လျော့နည်းသုံးစွဲရသော ဝန်ထမ်းများ၏ စွမ်းရည်အရင်းအမြစ်များကို အကျိုးရှိစွာအသုံးချနိုင်ခြင်းစသည့် ကောင်းကျိုးများ ဖြစ်ပေါ်လာနိုင် မည်ဖြစ်သည့် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ယာဉ်အို/ယာဉ်ဟောင်းများကို ဖျက်သိမ်းပြီး သင့်တော်သော မော်တော် ယာဉ်များနှင့် အစားထိုးဆောင်ရွက်ပေးမည့် အစီ အစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်ကာလ တွင် ဆောင်ရွက်ပေး မည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။