(က)ဆည်၊ ကန်၊ တာတမံများ၌ဆည်မြောင်းနယ်နမိတ် အတည်ပြုပြဋ္ဌာန်းပေးရန် နေပြည်တော်ကောင်စီ နယ်မြေကဲ့သို့အမျိုးအစားအကျယ်အဝန်း အလိုက် ဆောင်ရွက်ပေးမည့် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံအတွင်း ဆည်၊ ကန်၊ တာတမံများနှင့် တူးမြောင်းများ တည်ဆောက်ပေးပြီး ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို အမြဲမပြတ် ဆောင် ရွက်နေ သည်ကို တွေ့မြင်နေရပါကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် အချိန်နှင့်ငွေကြေး ကုန်ကျမှု သက်သာစေရန် အသုံးပြုနိုင်သော မြေအမျိုး အစားဖြစ်ပါက ဆည်၊ ကန်၊ တာတမံနှင့် တူးမြောင်းများအတွင်းရှိ မြေများကို အသုံးပြုပါကြောင်း၊ ထို့သို့ အသုံးပြုရာတွင် အချို့ဒေသရှိတူးမြောင်းများ၌ နယ်နိမိတ်သတ်မှတ် ကျောက်တိုင်များ စိုက်ထူထားခဲ့သော်လည်း ဥပဒေ ပြဋ္ဌာန်း အတည်ပြုချက် မရှိခြင်းကြောင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း များ ဆောင်ရွက် ရာတွင်လည်းကောင်း၊ တူးမြောင်းများအနီး လယ်ယာမြေများ စွန့်ပစ်ပိုလျှံရေများ စီးဆင်းနိုင်ရန် ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာ တွင် အစိုးရဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် လုပ်သားပြည်သူများအကြား နားလည်မှုလွဲမှားစေသော ဖြေရှင်းမှုများကို ဌာနဆိုင်ရာများမှ အဆင်ပြေချောမွေ့စေရန် ဖြေရှင်းမှုများကို တွေ့မြင်နေရပါကြောင်း၊ ယခုအချိန်တွင် တောင်သူလယ်သမားများကို လယ်ယာမြေ ပိုင်ဆိုင်မှု လုပ်ငန်းခွန်များ ထုတ်ပေးနေသည့် ကာလတွင် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် သတ်မှတ်ရယူ သင့်သော အကွာအဝေးအတွင်း လယ်ယာမြေပိုင်ဆိုင်မှုလက်မှတ် ထုတ်ပေးနိုင်မှု မရှိစေရန် နေပြည်တော်ကောင်စီမြေကဲ့သို့ ဆည်မြောင်းနယ်နိမိတ် သတ်မှတ်ချက်အမျိုးအစား၊ အကျယ်အဝန်းအလိုက် အတည်ပြုပြဋ္ဌာန်းရန် လိုအပ်နေပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် ဆည်၊ ကန်၊ တာတမံများ၌ ဆည်မြောင်း နယ်နိမိတ် အတည်ပြုပြဋ္ဌာန်းပေးနိုင်ရန် နေပြည်တော်ကောင်စီနယ်မြေကဲ့သို့ အမျိုးအစား၊ အကျယ်အဝန်း အလိုက် ဆောင်ရွက်ပေး မည့့်် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့် ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလို ပါကြောင်း မေးမြန်း ပါသည်။