(ဃ)သာစည်မြို့ပေါ်(၇)ရပ်ကွက်အတွင်းရှိ ၄၄၀ ဗို့ အိမ်သုံးလိုင်းများတွင် ဓာတ်မီးတိုင်များ၊ ဓာတ်မီး ကြိုးများ ပြောင်းလဲ တပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-17

သာစည်မြို့နယ်တွင် လောပိတရေအားလျှပ်စစ်ဓာတ်အားခွဲရုံနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှိပြီး ၁၁ ကေဗွီ လိုင်း များကို ကွန်ကရစ်တိုင်များဖြင့် မီးကြိုးများလဲလှယ်တပ်ဆင်ပေးခဲ့သော်လည်း ၄၄၀ ဗို့အိမ်သုံး လိုင်းများတွင် ဓာတ်တိုင်များ၊ မီးကြိုးများ လဲလှယ်ပေးရန်လိုအပ်လျက်ရှိပါကြောင်း၊  ဓာတ်ကြိုးများ၊ မီးကြိုးများဟောင်းနွမ်း မှုကြောင့် မိုးရွာလေတိုက်ချိန်များတွင် ဓာတ်အားပျောက်ဆုံးခြင်းများနှင့်အတူ မကြာခဏမီးပျက်မှုများကြောင့် လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်၍သေဆုံးခဲ့ရ ပါကြောင်း၊  ထို့ကြောင့် သာစည်မြို့ပေါ် (၇) ရပ်ကွက်ရှိ ၄၄၀ ဗို့အိမ်သုံးလိုင်းများတွင် လိုအပ်လျက်ရှိသော မီးတိုင်များ၊ မီးကြိုးများကို ပြောင်းလဲတပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။