(ဃ)- ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေ တူးဖော်ရေးလုပ်ငန်းများတွင်ဖွဲ့စည်းခြင်းမပြု ရသေးသောဘေး အန္တရာယ်လုံခြုံရေးစီမံ ခန့်ခွဲမှုကော်မတီကိုဖွဲ့စည်းရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-17
မေးခွန်း အကြောင်းအရာ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စွမ်းအင်ဝန်ကြီးဌာန သည် မြန်မာနိုင်ငံ ကမ်းလွန် သဘာဝဓာတ်ငွေ့နှင့် ရေနံတူးဖော်ရေး လုပ်ငန်းကို ပြည်ပကုမ္ပဏီ (၁၃)ခုနှင့် စုစုပေါင်း လုပ်ကွက် ဧရိယာ ၂၆ ကွက်ကို စာချုပ်များချုပ်ဆို၍ ဆောင် ရွက်နေပြီး ကျန်ရှိသော လုပ်ကွက်ဧရိယာ ၁၀ကွက်ကို ပြည်ပကုမ္ပဏီများနှင့် ဆက် လက်ဆောင်ရွက် ညှိနှိုင်း နေသည်ကိုလည်း တွေ့ရပါကြောင်း၊ စွမ်းအင်ဝန်ကြီး ဌာနမှ ကမ်းလွန်ရေနံလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြပ်မတ်ကွပ်ကဲရန် Technical Sub Committee၊  Procurement  Sub Committee၊ Accounting Sub Committee နှင့် Petroleum Capsulation Sub Committee ဟူ၍ ကော် မတီ ၄ ခုဖြင့် ဖွဲ့စည်းဆောင်ရွက် နေပါသော်လည်း အဓိကဦး စားပေးဆောင် ရွက်ရမည့် Safety Management Committee ကို ဖွဲ့စည်းဆောင် ရွက်ခြင်း မပြုတာကို လေ့ လာတွေ့ရှိရပါကြောင်း၊ မြန်မာ့ပင်လယ်ပြင်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရာတွင် မမျှော်လင့်ဘဲ ယိုစိမ့်မှုများ၊  ပေါက်ကွဲလောင် ကျွမ်းမှုများ ဖြစ်လာနိုင်ပြီး ဆိုးရွားသော သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ၊ ရေနေသတ္တဝါပြုန်းတီး မှုများ၊ ရေနံ လုပ်သားသေဆုံးမှုများနှင့် နိုင်ငံတော်အတွက် နစ်နာမှုများစွာ ရှိလာနိုင်ပါကြောင်း၊ ပြည်ပနိုင်ငံများ၏ ကမ်းလွန်‌ရေနံ တူးဖော်ရေးလုပ်ငန်းကို လေ့လာသည့်အခါ ဘေးအန္တရာယ် ကာကွယ်တားဆီးရေးကို အဓိကဦး စားပေး ဆောင်ရွက်နေသည် ကိုတွေ့ရှိရပြီး ကျွမ်းကျင်သူများနှင့် စိစစ်ရေးအဖွဲ့များဖွဲ့ခြင်း၊ ဥပဒေနှင့်လုပ်ငန်းညွှန် ကြားချက်များ ထုတ်ပြန်ခြင်းများကို အစဉ်အမြဲ ကြီးကြပ်ဆောင်ရွက်နေခြင်းကို တွေ့ရှိရပါကြောင်း၊  

ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေ တူးဖော်ရေး လုပ်ငန်းများ တွင် ဘေးအန္တရာယ် လုံခြုံစီမံခန့်ခွဲမှုကော်မတီ  Safety Management Committee ကို ဖွဲ့စည်းရန် အစီအစဉ်ရှိ/ မရှိနှင့် မေးခွန်း အစီအစဉ်မရှိပါက ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းများအတွက် ဘေး အန္တရာယ်စိစစ်ရေး ဆောင်ရွက်ထားမှုများကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။