(က)- လယ်သမားများထံ လယ်ယာမြေလုပ် ပိုင်ခွင့်ပြု မှတ်ပုံတင်လက်မှတ်များရောက်ရှိရေး အတွက်မည်သို့ ဆောင်ရွက်မည်၊ မြေတိုင်းတာ ရာတွင်အထောက်အကူပစ္စည်းများဝယ်ယူဖြည့် တင်းခြင်း၊ဝန်ထမ်းလိုအပ်ပါကခန့်အပ်ခြင်း စသည့် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင် ကျင်းပခဲ့သည့် ဗဟို လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့မှ လယ်ယာမြေစီမံ ခန့်ခွဲမှု အတွင်းရေးမှူးများ အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးမှ တောင်သူ လယ်သမားတစ်ဦးချင်း၏ လက်ဝယ်သို့ လယ်ယာမြေလုပ်ပိုင် ခွင့် ခွင့်ပြုမှတ်ပုံတင် လက်မှတ်များကို ၂၀၁၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ပြီး စီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၏ လမ်းညွှန် ချက်နှင့်အညီ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတို့က တစ်ပြိုင် တည်းကြိုး ပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့အထိ နေပြည်တော်ကောင်စီ တွင် ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သော်လည်း အချို့သောပြည်နယ်/ တိုင်းဒေသကြီးများအတွက် လုပ်ငန်းတာဝန်ကို စိတ်ဝင်စားမှု အား နည်းနေသောကြောင့် ပြီးစီးမှုကို ၁၀ ရာခိုင်နှုန်းခန့်သာ တွေ့ရှိရကြောင်း။
လယ်ယာမြေလုပ်ပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့် ခွင့်ပြုလက်မှတ်များ အချိန်မီမရရှိသည့်အတွက် စိုက်ပျိုးစရိတ်ချေးငွေများ ချေးယူရရှိမှုအတွက် အခက်အခဲရှိနေကြောင်း၊ သို့ပါ၍ မြန်မာတစ်နိုင်ငံလုံးရှိ လယ်သမား များထံ လယ်ယာမြေလုပ်ပိုင်ခွင့် ခွင့်ပြုလက်မှတ်၊ မှတ်ပုံတင်လက်မှတ်များ ရောက်ရှိရေးအတွက် မည်သို့ဆောင်ရွက်မည်နည်း။ မြေတိုင်းတာသည့်နေရာတွင် အသုံးပြုနိုင်သည့် အထောက်အကူပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်း၊ ဝန်ထမ်းလိုအပ်ပါက နေ့စားဝန်ထမ်းများခန့်အပ်ခြင်း သို့မဟုတ် ကျေးရွာအထောက်အကူပြု အဖွဲ့များထံမှ အကူအညီ တောင်းခံခြင်းစသည့် အစီအစဉ်များရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။