(ဂ)- GSM,CDMA Sim Cardများခွဲဝေချထားပေး မှုနှင့် စပ်လျဉ်းသည့်မေးခွန်း
ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်ကြီး ၁ ခုနှင့် မြို့နယ်ခွဲ ၂ ခု ရှိပါသည်။ မြို့နယ်ကြီး တွင် GSM Sim Card နှင့် CDMA-450 Sim Card ကို အသုံးပြု၍ ရပြီး မြို့နယ်ခွဲ ၂ ခုတွင် CDMA-450 Sim Card သာအသုံးပြု၍ရပါကြောင်း၊ Sim Card များ ခွဲဝေချထားရာတွင် GSM Sim Card များ သုံးစွဲ၍မရသော မြို့နယ်ခွဲ ၂ ခုတွင်ပါ GSM Sim Cardများခွဲဝေချထားပေးသည်ကို တွေ့ရှိရပါကြောင်း၊ သို့ပါ၍ မိမိအမြင် အရအောက်ခြေ ပြည်သူလူထုနှင့် နီးစပ်သောအဖွဲ့အစည်းမှ လူထုအတွေးနှင့် မကိုက် ညီသော ကိစ္စရပ်များကို သက်ဆိုင်ရာ အထက်အဖွဲ့အစည်း သို့ ပြန်လည်တင်ပြ သင့်သည်ဟု ယူဆပါကြောင်း၊ ထို့ပြင် မလိုလားအပ်သောမှာင်ခိုဈေးကွက် များ ပေါ်ပေါက်စေနိုင်ပါကြောင်း၊ GSM Sim Card အသုံးပြု၍ မရသော နေရာများကို ခွဲဝေချထားရာတွင် အောက်ခြေ၌ ကြီးကြပ်ရသော မြို့နယ်အဆင့်တာဝန်ရှိသူ၏ လုပ်ရပ်များမှာ မှန်ကန်မှု ရှိ/မရှိ၊ အကယ်၍ မှန်ကန်မှုရှိုပါက ယခင် CDMA -800 အသုံးပြု၍မရစဉ်က မည်သည့်အတွက် ဘုတ်ပြင်းနှင့် သက်ဆိုင်ရာမြို့နယ်ခွဲ ၂ ခုကို ခွဲဝေချထားခြင်းမပြုပါသလဲ။ အကယ်၍ မှန်ကန်မှုနှင့် လိုက်လျောညီထွေမှုမရှိပါက မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ပြီး မည်ကဲ့သို့တာဝန်ယူမှုများရှိမည်ကို သိလိုကြောင်း မေးမြန်းပါသည်၊