(င)- မင်းတပ်ခရိုင်မှမြို့နယ်၄ခု၏နယ်စပ်ဖြစ်သည့် လည်မြို့မြစ် ပတ်ဝန်းကျင်ဒေသရှိ မတူပီ- မားဒူ -ဝေလူး- ထိန်ကောင်း- ချိုင်းစနူး- မွှန်းတနူး- သံတောင်ဒေသဖွံ့ဖြိုးရေးအတွက်ကားလမ်းဖောက် လုပ်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17
မေးခွန်း အကြောင်းအရာ 

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်အတွင်း မြို့နယ် ၄ ခု၏  နယ်စပ်ဖြစ်သော လည်မြို့မြစ် ပတ်ဝန်းကျင်တစ်လျှောက်သည် လမ်းပမ်းဆက်သွယ်ရေး အလွန်ခက်ခဲနေပါကြောင်း၊ ယင်းပတ်ဝန်းကျင်သည် ကျေးရွာအုပ်စုပေါင်း ၄၄ အုပ်စု၊ လူဦးရေ ၃၀၀၀၀ ကျော်နေထိုင်သည့်ဒေသဖြစ်ပြီး ဒေသတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများနှင့် ပြည်သူလူထု၏ သွားလာရေးသည် အလွန်ခက်ခဲနေပြီး အချို့ နေရာဒေသများတွင် ခြေလျင်ခရီး သွားလာနေရသောကြောင့် ခရိုင်အတွင်းရှိ မြို့နယ် ၄ ခု၏ ဆက်သွယ်သွားလာရေး ရေရှည် အကျိုးဖြစ်ထွန်းစေနိုင်ရေးအတွက် အဓိကအမာခံလမ်းအဖြစ် မတူပီ-မာဒူး-ဝေလူး-ထိန်ကောင်း-ချိုင်းစနူး-မွှန်တနူး-သံတောင်လမ်းကို ဒေသဖွံ့ဖြိုးရေး ကားလမ်းအဖြစ် ဦးစားပေး ဖောက်လုပ်ပေး မည်ဆို ပါက မင်းတပ်မြို့မှ မင်းတပ်-အောက်ချိုင့်-မာဒူးလမ်း၊ မင်းတပ်-မကွေနို-ကျားအင်နို-ကွန်သနိုလမ်း၊ ကန်ပက်လက်မြို့မှ ကန်ပက်လက်-ဝိတိုရိယတောင်-ခရိုင်း-ခနိုင်း-မိုလောင်-ခွန်သနိုလမ်း၊ ကန်ပက်လက်-ကျင်သွေး-ဆင်ပေါင်-ဟုတ်ခင်နှေး-မိုလောင်-မွှန်းတနူး လမ်းနှင့် ပလက်ဝမြို့နယ် ဆမီးမှ ဆမီး- တာချောင်းဝ-အပ်စ-ထိန်ကောင်း ကားလမ်းများကို ဆက်လက်ဖောက်လုပ်မည်ဆိုပါက လည်မြို့မြစ် ပတ်ဝန်း ကျင်ဒေသသည် ကွန်ရက်သဖွယ် ကားလမ်းများ ပေါက်လာပြီး သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိုင်ပေါင်း ၁၅၀ ခန့်အကွာအဝေးရှိသော ယင်းခရီးလမ်းသည် အတိုဆုံးလမ်းဖြစ်သည့်အပြင် ဒေသ ခံပြည်သူလူထု၏ အကျိုးစီးပွားနှင့် နိုင်ငံဝန်ထမ်းများ၏ သွားလာရေးကို အထိရောက်ဆုံးနှင့် အလျှင်မြန်ဆုံး အကျိုးဖြစ်ထွန်းစေနိုင်မည့် မတူပီ-မာဒူး-ဝေလူး-ထိန်ကောင်း-ချိုင်းစနူး-မွှန်တနူး-သံတောင်ဒေသ ဖွံ့ဖြိုးရေး အတွက် မော်တော်ကားလမ်းကို ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။