(ဂ)-ဖယ်ခုံမြို့နယ်ရှိ ရွှေပြည်အေး လူငယ်ပြန်လည် ထူထောင်ရေးစခန်းအား ဘက်စုံ မွမ်းမံမြှင့် တင်၍ ပြန်လည် ဖွင့်လှစ်ရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

ရွှေပြည်အေးလူငယ်ပြန်လည် ထူထောင်ရေး စခန်းကို မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ် ရေးဗဟို၊ မူးယစ်ဗဟိုနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ၁၆-၁၀-၁၉၈၃ နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ၂၉.၁၂.၂၀၀၅ ရက်နေ့ သင်တန်းအပတ်စဉ် (၂၈) ကို သင်တန်းဆင်းပြီး သည့် နောက်ပိုင်းဆက်လက်ဖွင့်လှစ်ခြင်းမရှိတော့ပါကြောင်း။  မူးယစ်ဗဟိုမှဦးစီး ဖွင့်လှစ်သော ဖယ်ခုံတွင် ရွှေပြည်အေး၊ ပြည်(ဝက်ထီးကန်)တွင် ရွှေပြည်သာ၊မူဆယ်တွင်ရွှေပြည် သစ်ဖြစ်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဦးစီး၍ စခန်း ခုနစ်ခု ဖွင့်လှစ်ထားသည်ကို သိရှိရပါသော်လည်း လက်ရှိစခန်းများသည် ပုံမှန်ဖွင့်လှစ်မှုအားနည်းနေပါကြောင်း။  ယနေ့အချိန်အခါတွင် မူးယစ်ဆေးဝါးအန္တရာယ်ကြောင့် လူသားအရင်းအမြစ်များ ဆုံးရှုံးနေသည်ကို တွေရှိရပါကြောင်း အထူးသဖြင့် ရှမ်း၊ ကယားပြည်နယ်များအတွက် အဓိကဖွင်‌့လှစ်သော ရွှေပြည်အေးစခန်းအား ပြန်လည်မြှင့်တင်ဖွင့်လှစ်ရန်လိုအပ်မည်ဟု ယုံကြည်ပါကြောင်း။ ထို့ကြောင့် ဖယ်ခုံမြို့နယ်ရှိ ရွှေပြည်အေး လူငယ်ပြန်လည် ထူထောင်ရေးစခန်းအား လဘက်စုံမွမ်းမံမြှင့်တင်၍ ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ်ရှိ၊မရှိနှင့် အစီအစဉ်မရှိပါက အဘယ်‌ကြောင့်ဆှိသည်ကို သိရှိလိုပါကြောင်းနှင့် အစီအစဉ်ရှိပါက စတင်ဆောင်ရွက်မည် အချိန်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။ရွှေပြည်အေးလူငယ်ပြန်လည် ထူထောင်ရေး စခန်းကို မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ် ရေးဗဟို၊ မူးယစ်ဗဟိုနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ၁၆-၁၀-၁၉၈၃ နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ၂၉.၁၂.၂၀၀၅ ရက်နေ့ သင်တန်းအပတ်စဉ် (၂၈) ကို သင်တန်းဆင်းပြီး သည့် နောက်ပိုင်းဆက်လက်ဖွင့်လှစ်ခြင်းမရှိတော့ပါကြောင်း။

မူးယစ်ဗဟိုမှဦးစီး ဖွင့်လှစ်သော ဖယ်ခုံတွင် ရွှေပြည်အေး၊ ပြည်(ဝက်ထီးကန်)တွင် ရွှေပြည်သာ၊မူဆယ်တွင်ရွှေပြည် သစ်ဖြစ်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဦးစီး၍ စခန်း ခုနစ်ခု ဖွင့်လှစ်ထားသည်ကို သိရှိရပါသော်လည်း လက်ရှိစခန်းများသည် ပုံမှန်ဖွင့်လှစ်မှုအားနည်းနေပါကြောင်း။

ယနေ့အချိန်အခါတွင် မူးယစ်ဆေးဝါးအန္တရာယ်ကြောင့် လူသားအရင်းအမြစ်များ ဆုံးရှုံးနေသည်ကို တွေရှိရပါကြောင်း အထူးသဖြင့် ရှမ်း၊ ကယားပြည်နယ်များအတွက် အဓိကဖွင်‌့လှစ်သော ရွှေပြည်အေးစခန်းအား ပြန်လည်မြှင့်တင်ဖွင့်လှစ်ရန်လိုအပ်မည်ဟု ယုံကြည်ပါကြောင်း။ ထို့ကြောင့် ဖယ်ခုံမြို့နယ်ရှိ ရွှေပြည်အေး လူငယ်ပြန်လည် ထူထောင်ရေးစခန်းအား လဘက်စုံမွမ်းမံမြှင့်တင်၍ ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ်ရှိ၊မရှိနှင့် အစီအစဉ်မရှိပါက အဘယ်‌ကြောင့်ဆှိသည်ကို သိရှိလိုပါကြောင်းနှင့် အစီအစဉ်ရှိပါက စတင်ဆောင်ရွက်မည် အချိန်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။