(စ)- နမ့်မျှော်ကျေးရွာအုပ်စု၊ မန်မိုင်လွိုင်ငင်းကျေးရွာကျေးလက်ရေရှိရေးအတွက် ၂၀၁၄- ၁၅ ဘဏ္ဍာနှစ်တွင် (၇၉၀၀) ပေ ရေပိုက်၊ ရေကန်နှင့် ရေတားတမံတည်ဆောက်ခြင်း လုပ်ငန်းသည် လုပ်ငန်းပြီးစီးမှုမရှိသည့်အတွက် မည်သို့ဆောင်ရွက်ထားသည်ကို သိလိုခြင်းမေးခွန်း

2020-12-18

နမ္မတူမြို့နယ်၊ နမ့်မျှော်ကျေးရွာအုပ်စု၊ မန်မိုင်လွိုင်ငင်းကျေးရွာ၌ ကျေးလက်ရေရရှိရေးအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ချမှတ်ဆောင်ရွက်ခဲ့သော (၇၉၀၀)ပေ ရေပိုက်၊ ရေကန်နှင့် ရေတားတမံ တည်ဆောက်ခြင်းလုပ်ငန်းသည် ဘဏ္ဍာရေးနှစ်ကျော်လွန်သည်အထိ လုပ်ငန်းပြီးစီးမှု မရှိသည့်အတွက် မည်သို့ဆက်လက်ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင်‌့စပ်လျဉ်းသည်‌့မေးခွန်း

နမ္မတူမြို့နယ်၊ နမ့်မျှော်ကျေးရွာအုပ်စုရှိ မန်မိုင်လွိုင်ငင်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ရေ ရရှိရေးအတွက် ရေပိုက်၊ ရေကန်နှင့် ရေတားတမံ တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေ ၁၃.၃၁ သန်းဖြင့် ချမှတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒေသ၏ ရှိရင်းစွဲ ရေအရင်းအမြစ်အပေါ်အခြေခံပြီး ကျေးလက် သောက်သုံးရေရရှိရေးအတွက် ဦးစီးဌာနသည် ၂၀၁၄ ခုနှစ်တွင် စတင်တည်ဆောက်ပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း အပြီးတည်ဆောက်ရမည့်ရေကန်အတွက် စုဆောင်းထားသော အုတ်များ၊ လေလွင့်နေသော ဘိလပ်မြေများ ၆-၁၁-၂၀၁၇ ရက်နေ့အထိ တွေ့ရှိနေရပါကြောင်း၊ လုပ်ငန်း၏ မည်သည့်ရာခိုင်နှုန်းကို ဆောင်ရွက်ပြီးစီးကြောင်း၊ ဘဏ္ဍာရေးနှစ်ကျော်လွန်သည်အထိ လုပ်ငန်း ပြီးစီးမှုမရှိသော လုပ်ငန်း၏ဆက်စပ်ဘဏ္ဍာငွေများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မည်သို့ဆက်လက်ဆောင်ရွက် ထားကြောင်းနှင့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အထိ လုပ်ငန်းကိုဆောင်ရွက်ခြင်းမရှိဘဲ ဘဏ္ဍာငွေအလေအလွင့်ဖြစ်နေစေခြင်းကို မည်သို့ဆက်လက်အရေးယူ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။