(ဃ)-ဆိပ်ဖြူလျှပ်စစ်ဓာတ်အားခွဲရုံမှ လက်ဆယ်ကျေးရွာထိ၊ ပင်းတလဲကျေးရွာနှင့် ဆူးလေကုန်း ကျေးရွာထိမီးတိုင်၊ မီးကြိုးများသွယ်တန်းပြီးဖြစ်ပါ၍ မီးတိုင်၊ မီးကြိုးနှင့်နီးသော ကျေးရွာများအား လျှပ်စစ်မီးပေးနိုင်ခြင်း ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
၇-၆-၂၀၁၆ ခုနှစ် ဒုတိယအကြိမ် ပထမပုံမှန်အစည်းအဝေး (၄၀)ရက်မြောက်နေ့တွင် မိမိလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို မေးခွန်းသုံးခုမေးမြန်းခဲ့ပါကြောင်း၊ လက်ဆယ်ကျေးရွာထိမီး သွယ်ပေးနိုင်ခြင်းရှိ/မရှိ၊ ပင်းတလဲကျေးရွာထိ မီးသွယ်ပေးနိုင်ခြင်းရှိ/မရှိနှင့် ကျန်ရွာများ မီးသွယ် ပေးနိုင်ခြင်းရှိ/မရှိတို့ကို မေးမြန်းခဲ့သည့်အခါ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနဝန်ကြီးက ပထမမေးခွန်း နှစ်ခုကို သွယ်တန်းပေးမည်ဟု ကတိပေးခဲ့သည့်အတိုင်း 11 KV လိုင်းများကို မီးကြိုးနှင့် ဓာတ်တိုင်များ သွယ်တန်းပြီးဖြစ်ပါကြောင်း၊
ဆိပ်ဖြူ လျှပ်စစ်ဓာတ်အားလိုင်းဓာတ်အားခွဲရုံမှ လက်ဆယ်အထိ၊ ဆိပ်ဖြူဓာတ်အားခွဲစက်ရုံမှ ပင်းတလဲကျေးရွာအထိ လျှပ်စစ်မီးတိုင်နှင့် လျှပ်စစ်ကြိုးများသွယ်တန်းထားရှိပါကြောင်း၊ ဆိပ်ဖြူ မြို့နယ်တွင် ဓာတ်အားလိုင်း၊ ဓာတ်တိုင်နှင့် မီးကြိုးလိုင်းများ ဆူးလေကုန်းထိ သွယ်တန်းပေးထားပါကြောင်း၊ ပင်းတလဲကျေးရွာနှင့် ဆိပ်ဖြူကြားရှိ ချောင်းမကြီးကျေးရွာက မီးလိုင်းများ ကိုယ်ထူ ကိုယ်ထဆောင်ရွက်ထားပါကြောင်း၊
သွယ်တန်းထားသော 11 KV လျှပ်စစ်ဓာတ်အားလိုင်းသည် ကျေးရွာအသီးသီးသို့ လျှပ်စစ် ဓာတ်အားရောက်ရှိရေးမှာမူ ဆင်းရဲနွမ်းပါးသူများဖြစ်ကြသည့်အားလျော်စွာ အများစုမှာ ကိုယ်ထူ ကိုယ်ထ မဖြည့်စွမ်းနိုင်ကြပါကြောင်း၊ သို့ဖြစ်ပါ၍ ဆိပ်ဖြူလျှပ်စစ်ဓာတ်အားခွဲစက်ရုံမှ လက်ဆယ်ကျေးရွာအထိ၊ ဆိပ်ဖြူဓာတ်အားခွဲစက်ရုံမှ ပင်းတလဲကျေးရွာအထိနှင့် ဆိပ်ဖြူ ဓာတ်အားခွဲစက်ရုံမှ ဆူးလေကုန်းကျေးရွာအထိ ကျေးရွာများအား ကျေးရွာနှင့်နီးစပ်သော ဓာတ်အားလိုင်းများနှင့် 11 KV လိုင်းများနှင့်နီးစပ်သောကျေးရွာများအား လျှပ်စစ်မီး သွယ်တန်း ပေးနိုင်ခြင်းရှိ/မရှိ၊ မပေးနိုင်ပါက အဘယ်ကြောင့်နည်း၊ ပေးနိုင်ပါက မည်သည့်အချိန်၊ မည်သည့် ကာလတွင်ပေးမည်ဖြစ်သနည်း၊ မပေးနိုင်ပါက အဘယ့်ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။