(ဃ)-ပခုက္ကူ- ကြံခင်း မီးရထားလမ်း ဖောက်လုပ်ရာတွင် နစ်နာဆုံးရှုံးသွားသော တောင်သူများအနက် လျော်ကြေးငွေ မရရှိသေးသော တောင်သူ (၂၂)ဦးအား လျော်ကြေးငွေ ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ပခုက္ကူ-ကြံခင်းမီးရထားလမ်းဖောက်လုပ်ရာတွင် နစ်နာဆုံးရှုံးသွားသော တောင်သူများအနက် လျော်ကြေးငွေမရရှိသေးသော တောင်သူ (၂၂)ဦးအား လျော်ကြေးငွေပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ပခုက္ကူ-ကြံခင်းမီးရထားလမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသည့်ကျေးရွာများအနက် ကံလှ ကျေးရွာနေ ဦးစည်ဦးအပါအဝင် တောင်သူ ၂၂ ဦး၏ ယာမြေဧက ၁၇.၆၃ ၏ လျော်ကြေးငွေ နှင့်စပ်လျဉ်းသည့်မေးခွန်းအား ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး ၂၀၁၆ ခုနှစ် ဇွန်လအတွင်းက ကြယ်ပွင့်မပြမေးခွန်းမေးမြန်းခဲ့ရာ ဝန်ကြီးဌာနက စာအမှတ် (ရထ ၂/လမ (လွှတ်တော်အမေးအဖြေ) ၂၀၁၆-၁၄၀၈ ဖြင့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီမှ ကာလပေါက်ဈေးနှင့်အညီ လျော်ကြေးတွက်ချက်ပြီး ပခုက္ကူခရိုင် နှင့် မကွေးတိုင်းဒေသကြီး၊ လယ်ယာမြေနှင့် အခြားများသိမ်းဆည်းခံရမှုပြန်လည်စိစစ်ရေး ကော်မတီသို့ အဆင့်ဆင့်တင်ပြဆောင်ရွက်သွားမည်ဖြစ်ပြီး နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် လျာထား တောင်းခံသွားမည်ဟု ပြန်ကြားခဲ့ပါကြောင်း၊
မိမိတို့ပြည်သူ့အစိုးရလက်ထက်တွင် နစ်နာနေသောတောင်သူများ၏ သိမ်းဆည်းခံလယ်ယာ မြေများနှင့်ပတ်သက်၍ အလေးထားပြီးပြန်လည် စိစစ်ရန်အတွက် ဗဟိုကော်မတီကို ဒုတိယ သမ္မတက ဥက္ကဋ္ဌအနေဖြင့်လည်းကောင်း၊ လွှတ်တော်များကလည်း အဖွဲ့များဖွဲ့စည်းပြီး ဆောင်ရွက်နေသည်ကို ပြည်သူများက သိရှိပြီးဖြစ်ပါကြောင်း၊ သို့သော်လည်း အထက်တင်ပြပါ မေးခွန်းအရ တင်ပြခဲ့သော်လည်း ယခုအခါ တစ်နှစ်ခွဲခန့်ကြာသည်အထိ လျော်ကြေးငွေမရရှိသေးသဖြင့် နစ်နာနေသော တောင်သူများမှ ထပ်မံတင်ပြလာသောကြောင့် ပခုက္ကူ-ကြံခင်း မီးရထားလမ်း ဖောက်လုပ်ရာတွင် နစ်နာဆုံးရှုံးသွားသော တောင်သူများအနက် လျော်ကြေးငွေမရရှိသေးသော တောင်သူ (၂၂) ဦးအား လျော်ကြေးငွေပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။