(က)-အခြေခံပညာမသ/လယ်/ထက်ကျောင်းသုံး ပုံနှိပ်စာအုပ်များ ရေရှည်အသုံးခံ စက္ကူသားများဖြင့် အဆင့်မြင့် ရိုက်နှိပ် ထုတ်ဝေရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-18

ဦးသန်းဝင်း (တောင်တွင်းကြီး)ယနေ့ မြန်မာ့ပညာရေးလောကကို မြင့်မားစေရန်ရည်ရွယ်ပြီး ပြည်တွင်းပြည်ပပညာ ရှင်များ၊ နိုင်ငံတကာမှ အကူအညီများရယူပြီး ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲသော အစီအမံများ ပြုလုပ်နေကြောင်း၊ ပညာရေးစနစ် ကောင်းမွန်စေရန် မြန်မာ့ ပညာရေး မြင့်မားလာစေရန် ဆောင်ရွက်နေသကဲ့သို့ ပညာရှင်များ မဟုတ်သော ဒေသ ခံပြည်သူများ၊ ကျောင်းသားမိဘများ၏ ဆန္ဒများကိုလည်း ထည့်သွင်းစဉ်းစား သင့်ကြောင်း၊ ထို့အတူ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသူ /ကျောင်းသားများသည် တစ်နှစ်ပတ်လုံး ကိုင်တွယ်သုံးစွဲနေသော ပုံနှိပ် ပြဋ္ဌာန်း စာအုပ်များကို စိတ်ဝင်စားသော အခြေအနေမျိုး၊ တန်ဖိုးထား ကိုင်တွယ်သုံးစွဲလိုသော ဆန္ဒများ ပို၍ ဖြစ်ပေါ်စေရန် ရည်ရွယ်ပါကြောင်း၊ ထို့အတူ နိုင်ငံတော်အစိုးရနှင့် ဝန်ကြီး ဌာန၏ ဂုဏ်သိက္ခာကိုလည်း ထင်ဟပ်စေမည်ဟု ယူဆမိပါသောကြောင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် ပုံနှိပ်ပြဋ္ဌာန်းစာအုပ်များကို လက်ရှိပုံနှိပ်သုံးစွဲထားသော စက္ကူသားထက် ရေရှည်ခံ၍ အဆင့်အတန်းပိုမိုမြင့်မားသော စက္ကူသားများနှင့် ရိုက်နှိပ်ထုတ်ဝေပေးရန် အစီအစဉ် ရှိ/မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့် ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ပေးမည်ကို သိရှိ လိုကြောင်းမေးမြန်းပါသည်။