(ခ)-ပင်လုံညီလာခံပြုလုပ်ရသည့်ရည်ရွယ် ချက်၊ဆွေးနွေးချက်၊သဘောတူညီချက်တို့ကိုပြည့် စုံ စွာရေးသားထားသောပင်လုံ ညီလာခံမှတ်တမ်း စာအုပ်အား ရိုက်နှိပ်ထုတ်ဝေရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၉၇၄ ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေစာအုပ်များ ကို ပြန်လည်ပုံနှိပ် ထုတ်ဝေရောင်းချပေးခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေများကို စာ အုပ်စာတမ်းအဖြစ် ခိုင်ခိုင်မာမာ ဖတ်ရှု့လေ့လာခွင့်ရရှိသကဲ့သို့ ပင်လုံညီလာခံ ကို လည်း အမျိုးသားညီလာခံ မှတ်တမ်းကဲ့သို့ ပြည့်စုံစွာ မှတ်တမ်းတင်နိုင်ပြီး ပင်လုံ ညီလာခံစာအုပ်ဖြင့် ပြုစုရိုက်နှိပ်ထုတ်ဝေနိုင်ပါက လူငယ်များ ဗဟုသုတ ပိုမိုကြွယ်ဝ လာ နိုင်မည်ဖြစ်ပါကြောင်း၊ ပင်လုံညီလာခံမှတ်တမ်းစာအုပ်တွင် ပင်လုံ ညီလာခံပြု လုပ်ရသည့် ရည်ရွယ်ချက်၊ ကျင်းပသည့်နေရာ၊ ကျင်းပချိန်ကြာမြင့်သည်ကာလ တက်ရောက်ကြသော ကိုယ်စားလှယ်များနှင့် ဆွေးနွေးသော ကိုယ်စားလှယ် များ၊ ဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ်များအပါအဝင် နောက်ဆုံး ပင်လုံ စာချုပ်ပါ သဘောတူညီချက်များ စသည်တို့ကို ပြည့်စုံစွာ ရေးသားပြုစုထားသော ပင်လုံညီလာခံမှတ်တမ်း စာအုပ် ကို ရိုက်နှိပ် ထုတ်ဝေပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။