(ဂ)-တိုင်းရင်းသားဇာတ်ကားများကို မိမိဘာသာ စကားနှင့် မြန်မာစာတမ်းထိုး ဇာတ်ကားနှစ်မျိုးကို ဗဟိုပြု၍ ဆင်ဆာခွင့်ပြုချက်ပေးရန် အစီအစဉ်ရှိ/ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-18

ဦးမောင်ညို (စစ်တွေ)ပြည်ထောင်စုမြန်မာနိုင်ငံတော်ရှိ အနုပညာလောကတွင် ဗမာစကားပြောများသည် ဗီဒီ ယိုနှင့်ရုပ်ရှင်လောကတွင် အခြားတိုင်းရင်းသားများ ထက်စော၍ ထင်ပေါ်ကျော်စောနေ ပါကြောင်း၊  တခြားတိုင်းရင်းသား ဘာသာစကားပြောနှင့် ယဉ်ကျေးမှုအနုပညာများ မပျောက် မပျက်ရန် ရည်ရွယ်၍ ထိန်းသိမ်းသည့်အနေဖြင့် တိုင်းရင်းသားဘာသာ စကားပြော ဇာတ်ကားများကို ထွက်ပေါ်လာသောအခါတွင် ဆင်ဆာခွင့်ပြုချက် များ ပေးခဲ့သော်လည်း တိုင်းရင်းသားဘာသာစကားပြောများ ဆင်ဆာရရှိနိုင်ရန် ခွင့်ပြုချက်များတင်သည့်အခါ အခက်အခဲမြောက်များစွာ ကျော် လွှားရကြောင်း၊ အထူးသဖြင့် မြန်မာစာတန်းထိုးရန် ညွှန်ကြားခြင်း များကြောင့် ပြည်နယ်အဖွဲ့ အစည်းများထံမှ ထောက်ခံစာယူခြင်း၊ အခွေများသွားပို့ရခြင်း၊ အကုန်အကျ များပြားခြင်း၊ လူပန်းခြင်းများအပြင်  ရိုက်ခွေများ ထောက်ခံချက် ရယူပြီး၍ မတော် တဆအဖြစ် အပျက်များကြောင့် တိတ်ခွေ ပျောက်ပျက်ပါကလည်း အသုံးပြုမရခြင်း တို့ကြုံတွေ့ရပါကြောင်း၊ ဇာတ်ကားများ မထွက်မီ ဇာတ်ကားပေါက်မှာ စိုးရိမ်နေရခြင်း၊ ပြည်နယ်အသီးသီးသို့ ပို့ပြီး ထောက်ခံချက်ယူသည့် အခါ လုပ်ငန်းအဆင့်ဆင့်ဖြင့် အချိန်နှင့် ငွေကုန်ကြေးကုန်ကျမှုများကြောင့် မသမာသူများ ခိုးထုတ်နေကြပါကြောင်း၊ ထို့ကြောင့် မြန်မာစာတန်း ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ၊ တိုင်းရင်းသား ဘာသာစကားနှင့် ရိုက်သည်ဖြစ်စေ ဒေသဆိုင်ရာစကား ကျွမ်းကျင်သော၊ ယဉ်ကျေးမှု ကျွမ်းကျင်သော၊ ဒေသဆိုင် ရာတိုင်း၊ ဒေသရှိပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး စီရင်စုမှ ဆင်ဆာစစ်ဆေးရန် ဗဟိုပြု၍ဆောင် ရွက်ပါက အထက်ပါအခက်အခဲများ ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း။

ရုပ်ရှင်လုပ်ငန်းဗဟိုဌာနမှ ဆင်ဆာခွင့်ပြုချက်ပေးခြင်းသည် တန်ဖိုးရှိသော်လည်း လက်တွေ့တွင် အခက်အခဲ များရှိသည့်အတွက် ဗီဒီယို နှင့်ရုပ်ရှင်လုပ်ငန်းကို ဆင်ဆာတင်ခွင့်ပေးသည့် စနစ်ကို ပြောင်းရန် အချိန်ကျ ပြီဖြစ်ပါကြောင်း၊ တိုင်းရင်းသားဘာသာစကားဖြင့် ဇာတ်ကားများ ထုတ်နိုင်ပါက တိုင်းရင်းသားအချင်းချင်း ယဉ်ကျေးမှုဖလှယ်ခွင့်ရပြီး တိုးတက်နိုင်ပါကြောင်း၊ တိုင်းရင်းသားဘာသာစကားဖြင့် ဗီဒီယိုဇာတ်ကားရိုက် သည်ဖြစ်စေ၊ မြန်မာစာတန်းထိုးရသည်ဖြစ်စေ အခက်အခဲမရှိသော်လည်း ထောက်ခံစာယူရသည့် အခက်အခဲ များသည်ဖြစ်၍ တိုင်းရင်းသားဇာတ်ကားများကို ဆင်ဆာပေးသည့်အခါ တိုင်းရင်းဘာသာ စကားဖြင့် ပြောသည့် ဇာတ်ကားနှင့် မြန်မာဘာသာစာတန်းထိုးသည့် ဇာတ်ကား နှစ်မျိုးလုံးကို တိုင်းဒေသကြီး/ ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင် ဗဟိုပြု၍ ဆင်ဆာခွင့်ပြုချက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်ခုနှစ်တွင် စတင်ဆောင်ရွက်ပါမည်ကို သိရှိလိုပါကြောင်းမေးမြန်းသည်။