(င)-ရွာငံမြို့၊ ဆင်ခြေဖုံးရှိရေကန် (၉) ကန်အနက် အချို့ကံများတွင် ဆောင်ရွက်ပေးမည့်လုပ်ငန်းများ အား ၁၄-၁၅ ဘဏ္ဍာနှစ်တွင်ထည့်သွင်းရေးဆွဲပေး ရန် အစီအစဉ်ရှိ/ မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-18

ဦးအောင်သိန်း (ရွာငံ)ရွာငံမြို့နယ်သည် ရေရှားပါးသော မြို့နယ်တစ်ခု ဖြစ်ပြီး ၁၉၈၁ ခုနှစ်ခန့်က ရွာငံမြို့ နယ်ပေါ်ရှိ ရေကန်များ ရေခန်းခြောက်ခြင်းကြောင့် ရေပြတ်လပ်မှုများဖြစ်ပေါ်ခဲ့ရာ မြို့ပေါ်ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများကိုပင် မိမိတို့မြို့နယ် အတွင်းရှိ ရေပေါများ ရာဒေသများသို့ ရွှေ့ပြောင်းရမည့်အခြေအနေထိ ရောက်ရှိခဲ့ပါကြောင်း၊ ရွာငံမြို့နှင့် ပတ်ဝန်းကျင်တွင် နေထိုင်နေကြသော ပြည်သူလူထုများအနေဖြင့်လည်း ရေကန် ၉ ကန်နှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်သောကဖြစ်မှုများ နှစ်စဉ်ဖြစ်ပေါ် ခံစားနေကြရ ပါသောကြောင့် ပဉ္စမပုံမှန်ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း အဖြစ်မေးမြန်းခဲ့ရာ ၂၁-၁၁-၂၀၁၂ ရက်စွဲဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ ပါကြောင်း၊ ဖြေကြားချက်များအနက် အပိုဒ်(ဂ) အပိုဒ်ခွဲ ၅ တွင် ကန် ၉ ကန်အနက် အလယ်ကန်၊ ဆင်ဖြူကန်၊ နန္ဒာနန်ကန် ၁၊ နန္ဒာနန်ကန် ၂ တို့မှာ ရေပိုမိုသိုလှောင်ရန်အတွက်  ကန်ဘောင်ပြင် သင့်ရန် လိုအပ်ခြင်းမရှိပါကြောင်း၊ အင်းကုန်းငါးဆူကန်နှင့် ကျို့အင်းကန်တို့နှင့်ကန်ဘောင်ပြင်သင့်ပြီဖြစ် ပြီး မြစ်သောင်ကန်နှင့်လိပ်အင်းကန်များတွင် တာဘောင် မှ ရေယိုစိမ့်မှုရှိ၍ ပိုမိုကြံ့ခိုင်ကောင်းမွန်စေရေး ဆောင် ရွက်ရမည်ကိုလည်းကောင်း၊ ကျို့အင်းကန်တွင် ရေဝင်ရေထွက် ထိပ်ရေထွက်ပေါက်တစ်ခု တည်ဆောက် မည် ဖြစ်ပါသည်ကို လည်းကောင်း၊ အပိုဒ်ခွဲ ၆ တွင် အထက်ဖော်ပြပါကန်များအား တာဘောင်မြှင့်တင်ခြင်း၊ တာဘောင်ပိုမိုကြံ့ခိုင်မှုအတွက် ဆောင်ရွက်ခြင်း၊ ရေထုတ်ပေါက်တပ်ဆင်ခြင်းနှင့် ကန်အတွင်း သဲနုန်းတူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပးနိုင်ရန် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ခန့်မှန်းကုန်ကျငွေတွက်ချက် ၍ ရန်ပုံငွေတင်ပြ တောင်းခံထားပြီး ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်သွားမည်ကိုလည်းကောင်း ပါရှိခဲ့သော် လည်း ဆောင်ရွက်ပေးမည့်အချိန်ကာလကို မပါရှိခဲ့ပါကြောင်း၊ ရေကန် ၉ ကန်အနက် ပြင်ဆင်ရန်လိုအပ်လျက်ရှိ သည့် အချို့ကန်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဆောင်ရွက်ပေးမည်ဆိုသော်ကြောင့်လည်း  ဝမ်းမြောက် ဝမ်းသာစောင့်ကြို လျက်ရှိကြပါကြောင်း၊ထို့ကြောင့် ရွာငံမြို့၊ ဆင်ခြေဖုံးရှိ ရေကန် ၉ ကန်အနက် အချို့ကန်များတွင် ဆောင်ရွက်ပေးမည့် လုပ်ငန်းများ အား ဆောင်ရွက်ပေးမည့်ဘဏ္ဍာရေးနှစ်နှင့် (ခ) ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းရေးဆွဲပေးရန် အစီအစဉ်ရှိ/မရှိ ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။