(ဃ)-ရေးမြို့နယ်၊ကဗျာဝကျေးရွာတွင်လိုအပ်နေသော တံတားနှင့်ကော့ဒွတ်-ကတို့ဆိပ်ကျေးရွာမှနှစ်က ရင်ကျေးရွာသို့ ဆက်သွယ်ပေးသော တံတားများ ကို ၂၀၁၃-၂၀၁၄ ဘတ်ဂျက်တွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-18

ဒေါ်မိမြင့်သန်းရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ၊ ကဗျာဝကျေးရွာတွင် ရွာအဝင်တွင်တည်ရှိပြီး အားထား ရသော တံတားတစ်စင်းသည် ၉ လပိုင်းတွင် ကြိုးပြတ်သွားခဲ့ပါကြောင်း၊  ၎င်းရွာသည် အမည်နှင့်လိုက်ဖက်စွာ သဘာဝများစွာနှင့် သာယာလှပ ကဗျာဆန်သော ကျေးရွာ လည်း ဖြစ်သည့်အပြင် မွန်ပြည်နယ်ဝန်ကြီးချုပ်က ပင်လယ်ကမ်းခြေ Beach တစ်ခု အဖြစ် ဆောင်ရွက်ရန်ရည်ရွယ်ထားသော ကျေးရွာတစ်ရွာဖြစ်ပါကြောင်း။

ထိုအပြင် လမိုင်းမြို့နယ်ခွဲ ကော့ဒွတ်-ကတို့ဆိပ်ကျေးရွာနှင့် နှစ်ကရင်ကျေးရွာသို့ သွားသော ကတို့ချောင်းတွင် တံတားတစ်စင်း တည်ဆောက်ရန်ကိုလည်း လိုအပ်နေ လျက်ရှိရာ ယင်းတံတားသည် ကော့ဒွတ်-ကတို့ဆိပ် ရေနက်ဆိပ်ကမ်း တည်ဆောက် ရာတွင် အထောက်အကူပြုသော တံတားတစ်စင်းဖြစ်ခြင်းကြောင့်အောက်ပါမေးခွန်း များကို မေးမြန်းလိုပါကြောင်း၊

(က) ကဗျာဝကျေးရွာတွင် လိုအပ်နေသော တံတားကို ၂၀၁၃-၂၀၁၄ ဘတ်ဂျက်တွင် တည်ဆောက်ပေးရန်နှင့် (ခ) ကော့ဒွတ်-ကတို့ဆိပ်ကျေးရွာမှ နှစ်ကရင်ကျေးရွာသို့ ဆက်သွယ်ပေးသော တံတားတစ်စင်းကို ၂၀၁၄-၂၀၁၅ ခုနှစ် ဘတ်ဂျက်တွင် တည်ဆောက်ပေးဖို့ အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက ဆောင်ရွက်ပေးမည့် အချိန်နှင့် အစီအစဉ်မရှိပါက မည်သည့် အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။