(စ)-မောက်မယ်မြို့နယ်၏ အားကစားကွင်း တည်ဆောက်ခြင်း လုပ်ငန်းကို၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တွင် ဆောင်ရွက်ပေးရန်နှင့်နည်း စနစ်မှူးခန့်ထားပေးမည့် အစီအစဉ်ရှိ/ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-18

ဦးစိုင်ငေါးင်းဆိုင်ဟိန်း (မောက်မယ်)မောက်မယ်မြို့နယ် လူထုအားကစားကွင်းသည်     လူထုအစည်းအဝေးပွဲ အားကစား ပွဲနှင့် နိုင်ငံတော်နေ့ကြီး ရက်ကြီး အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ ဖူးပါသော်လည်း ၎င်းနေရာကို ပြည်သူ့ဆေးရုံနှင့် ဝန်ထမ်းနေအိမ်၊ သံဃာဆောင် တည်ဆောက်ပြီးနောက်ပိုင်း အားကစားကွင်း နေရာလည်း ပျောက်သွားခဲ့ရပါကြောင်း၊ ယခုအခါ လင်းခေးခရိုင်တွင် မြို့နယ်များအလိုက် အားကစားကွင်း ကိုယ်စီရှိကြသော် လည်း မောက်မယ်မြို့နယ်တွင် အားကစားကွင်း နေရာမရှိတော့ဘဲ ပြန် လည်ဖော်ဆောင်ထားသော နေရာများတွင် လည်း အဆင့်မမီသောကြောင့် ခြုံနွယ် ပိတ်ပေါင်းများ ထနေလျက်ရှိနေသည့်အတွက် အထိမ်းအမှတ် အားကစားပွဲ များဘောလုံပြိုင်ပွဲများကို မြို့နယ်ဂေါက်ကွင်း ကိုးကျဉ်းရှိသော ကွင်းငယ်လေး ၌ ခေတ္တ ခဏ အသုံးပြုနေကြရပါကြောင်း၊ အခုအခါ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ See Games ပွဲတော်ကြီးအောင်မြင်စွာ ပြီးဆုံးခဲ့ပြီးဖြစ်ပါသဖြင့် ယခု ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အသီးသီး၏ အားကစားကဏ္ဍလိုအပ်ချက်များကို နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့်  မောက်မယ်မြို့နယ်၏ အားကစားကွင်းတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် တွင်ဆောင်ရွက်ပေးရန်နှင့် အားကစားမြှင်‌့တင်ရန်နည်းစနစ်ကို ခန့်ထား ပေးနိုင်မည့်အစီအစဉ် ရှိ/မရှိနှင့် မည်ကဲ့ သို့လျှောက်ထား ဆောင်ရွက်ရမည့်ကို အသေးစိတ်သိရှိလိုပါကြောင်း မေးမြန်းပါသည်။