(ဂ)-လယ်ယာမြေပိုင်ဆိုင်မှုအငြင်းပွားခြင်း ၊လျော်ကြေးငွေရရှိရေး တင်ပြခြင်း၊ သိမ်းဆည်းခံပ လပ်မြေများပြန်လည်ရရှိရေးတင်ပြတောင်းခံခြင်းတို့ ကိုအစိုးရအုပ်ချုပ်ရေးပိုင်းမှမည်သို့ဖြေရှင်းဆောင် ရွက်မည်နှင့်စပ်လျဉ်းသည့်မေးခွန်း
ယနေ့အခြေအနေအရ စစ်မှန်သောဒီမိုကရေစီနိုင်ငံသို့ သွားသည့်အချိန်တွင် လယ်ယာမြေသိမ်းဆည်းခြင်းသည် ကြီးမားသော အဟန့်အတားတစ်ခုဖြစ် ပါကြောင်း၊ ပြည်သူ လူထုသည် ခေတ်အဆက်ဆက်က သိမ်းဆည်းခဲ့သော လယ်ယာမြေကို စီမံကိန်းအရ ဆောင်ရွက်ပြီးလျှင် လျော်ကြေးငွေလိုချင်ကြပါကြောင်း၊ စီမံကိန်းတွင် မသုံးသော ပလပ်မြေများကို ပကတိအတိုင်းပြန်လိုချင်ပါသော် လည်း ဖြေရှင်းဆောင်ရွက်ပေးနိုင်းခြင်း မရှိသည့်အတွက် မျှော်လင့်စောင့်စားနေရသော အခြေအနေဖြစ်ပါကြောင်း၊ ပြည်သူ့လွှတ်တော်၊ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင် ဖွဲ့ပြီး မြန်မာနိုင်ငံအနှံ့အပြားတွင် ကြားနာစစ်ဆေးပြီး တွေ့ရှိချက်များကို နိုင်ငံတော် အစိုးရအဖွဲ့သို့ ပေးပို့ပြီး ကော်မရှင်မှပေးလိုက်သည့် အကြောင်းအရာများသည် အုပ်ချုပ်ရေးပိုင်းအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ကို လက်တွေ့ရောက်ရှိနေရာ ကွင်းဆင်းပြီး ပြန်လည်စစ်ဆေးနေသည်ကို တွေ့ရပါကြောင်း၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်များက ကိုင်တွယ်ဖြေရှင်းနေ သည်ကို တွေ့ရပါကြောင်း၊ ယခုအချိန်တွင် အရေအတွက် အလွန်နည်းသည့်အတွက် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ဘက်ဂျတ်တွင် လျော်ကြေးငွေများ ပါဝင်နေမည်ဟု ထင်မိသဖြင့် စောင့်မျှော်နေသည် ကို တွေ့ရပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းစဉ် တွင် လျော်ကြေးပေးလျော်မည်ဟု ပါဝင်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနတွင် ငွေကျပ် ၄၂၈.၂၈ သန်းကို ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ပေးလျော်ထား သည်ကို တွေ့ရပါကြောင်း၊ ယင်းမြေများသည် ယခုနှစ်တွင် ရဲစခန်းများ တိုးချဲ့ဖွင့်လှစ်သည့် အတွက် လျော်ကြေးငွေပေး ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရက ထိုကိစ္စများကို မြန်မြန် မဖြေရှင်းပေးပါက မမျှော်မှန်းနိုင်သော တရားဥပဒေစိုးမိုးရေးများ ဖြစ်လာနိုင်ပါကြောင်း၊ ဖြေရှင်းပေးမည်ဆိုပါက လယ်ယာမြေများ၊ ပလပ်မြေများ၊ လျော်ကြေးငွေများ ရမည့်အတွက် မိမိတို့ စောင့်စားနေသော FDI နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်လာနိုင်သည့်အတွက် အလုပ်သမားများ အလုပ်အကိုင်များ ရရှိလာနိုင်ပါကြောင်း၊ ထို့ကြောင့် တိုင်းပြည်၏ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူပြုသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ အမျိုးသား စီမံကိန်းတွင် နိုင်ငံတော်အစိုးရဘက်က အဓိက ရေးသားထားသည်မှာ ဗဟိုကိုချုပ်ကိုင်မှု လျော့ချခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတာဝန်ရှိသူများ၊ ခရိုင်တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ အခင်းဖြစ်ပွား သောနေရာများကို မလာဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပေးထားသည့်အတွက် ဗဟိုချုပ်ကိုင်မှုကို လွန်စွာလျော့ချလိုက်လျှင် မြန်မာနိုင်ငံကို ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးက အုပ်ချုပ်နေသော ပုံသဏ္ဍန်ဖြစ်သွားမည် ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့အုပ်ချုပ်ရေးအပိုင်းမှ သိမ်းဆည်းလယ်ယာမြေများကို လျော်ကြေးပေးရန် ဖြေရှင်းဆောင်ရွက်ခြင်းကို မည်သို့ဆောင်ရွက်မည်နှင့် မည်သည့်အချိန်တွင်ဆောင်ရွက်၍ မည်သည့်အချိန်တွင် ပြီးစီးနိုင်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။