(င)-ယင်းမာပင်မြို့နယ်အတွင်းကိုယ်ထူကိုယ် ထဖောက်လုပ်ထားသောမြေသားလမ်းများအားနိုင် ငံတော်မှ၂၀၁၄-၁၅ဘဏ္ဍာနှစ်တွင်ဂျင်းကျောက် ခင်းခြင်း လုပ်ငန်းများဆောင်ရွက်ပေးနိုင်ခြင်းရှိ/ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် အတွင်းရှိ ကျေးရွာများသည် ကျေးရွာမြို့ဆက် ဖွံ့ဖြိုးရေးလမ်းများကို ကိုယ်ထူကိုယ်ထ စနစ်နှင့် မြေသား လမ်းများကို ငွေကြေးနှင့် လုပ်အား ပါဝင်လှူဒါန်းလျက် မိမိတို့၏ နီးစပ်ရာ ယင်းမာပင် ကပိုင်လမ်းကိုလည်းကောင်း၊ တချို့ကရာကြီးကလေးဝလမ်းကိုလည်းကောင်း ဆက် သွယ်ဆောက်လုပ်ဆောင်ရွက်ခဲ့ကြပြီးဖြစ်ပါကြောင်း၊ ဖောက်လုပ်ပြီး မြေသားလမ်းများ သည် မိုးတွင်း ကာလတွင် လုံးဝဝင်ထွက်သွား မရသဖြင့် ရာသီမရွေးသွားလာနိုင်ရေး အတွက် ဂျင်းကျောက် ခင်းခြင်းလုပ်ငန်းကို နိုင်ငံတော်မှကူညီပံ့ပိုးဆောင်ရွက်ပေး ပါရန် ေတောင်းဆိုလျက်ရှိကြပါကြောင်း၊ သို့ဖြစ်ပါ၍ ယင်းမာပင်မြို့နယ် အတွင်း ကိုယ်ထူကိုယ်ထငွေကြေးနှင့် လုပ်ငန်း ထည့်ဝင်ဖောက် လုပ်ပြီးဖြစ်သော မြေသား လမ်း များဖြစ်သော (က) ဝါးရုံမှ ဆင်စွယ်လမ်း ၂ မိုင်(ခ) ဆင်တဲမှ ရင်ပေါင်တိုင်လမ်း ၂ မိုင်(ဂ) ပန်းမထုံးမှ အင်တောလမ်း၃ မိုင် (ဃ) မောက်လုပ်မှ အင်တောလမ်း၂ မိုင်ခွဲ(င) ပေါက်တိုက်မှ ကွင်းစပ်လမ်း ၄ မိုင် (စ)ဝင်းကုန်းမှ ယာကြီး ကလေးဝ လမ်း ၁ မိုင်ခွဲ(ဆ)စီလှောင်မှ သကြားစက်ယာ ကြီးကလေးဝလမ်း ၆ မိုင်တို့ကို ရာသီမရွေး သွားလာ ကူးသန်းနိုင်ရန်အတွက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေခွင့်ပြုချ ထားပေးပြီး ဂျင်းကျောက်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။