(ဆ)-သဲကုန်းမြို့တွင်ခွင့်ပြုချက်ယူထားခြင်းမရှိသော ငါးမွေးကန်မည်မျှရှိပြီးဆင်းရဲချို့တဲ့သည့်ရေလုပ် သားများအတွက်ဘုံငါးဖမ်းကွက်သတ်မှတ်ဆောင် ရွက်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
အင်းမာအင်းနံဖူး သာမက အင်းများအတွင်း ကျူးကျော်ဝင်ရောက်၍ ရေစီးရေလာ အနှောင့်အယှက်ဖြစ်စေသော စည်းကမ်းမဲ့ခွင့်ပြုချက် ရယူထားခြင်းမရှိသော ငါးမွေးကန်အရေအတွက် မည်မျှရှိပါသနည်း။ စည်းကမ်းပျက် တရားမဝင် တူးဖော်လုပ်ကိုင်နေသော ငါးမွေးကန်များကို ဖျက်သိမ်းခြင်း၊ လိုင်စင်ပယ်ဖျက်ခြင်းများပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း။
ရေစီးရေလာ ကောင်းမွန်ရေးအတွက် တူးဖော်ပြီးဖြစ်သော ဈေးချောင်း၊ မီးတောင်ချောင်း၊ အောင်ကုန်းချောင်း၊ ချောင်းဘောင်များကို ကုန်ထုတ်လမ်းများပြုလုပ်စေလျက် နံဘေးတွင်တူးဖော်ထားသော ငါးကန်များအနက် ခွင့်ပြုချက် လျှောက်ထားဆဲကန်များကို တရားဝင်ငါးမွေးကန်များဖြစ်အောင် မည်သည့်အချိန်တွင် ဆောင်ရွက် ပေးမည်။ ချေးငွေများရရှိအောင် မည်သည့်အချိန်တွင်ဆောင်ရွက်ပေး မည်ကိုသိရှိလိုပါကြောင်း။
အင်းများကို အမှီပြု၍ ရှာဖွေစားသောက်နေကြသော ဆင်းရဲချို့တဲ့ သည့်ရေလုပ်သားများအတွက် ဘုံငါးဖမ်းကွက် သတ်မှတ်ဆောင်ရွက်ပေးရန် လိုအပ်နေပါသဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဆောင်ရွက်ပေးနိုင်ပါက မည်သည့်အင်းကိုပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
သဲကုန်းမဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင် ကိုယ်စားမေးမြန်းပါသည်။