(က)-ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ၂၀၀ KVA ထရန်စဖော်မာ (၅၀)လုံး သို့မဟုတ် ၃၁၅ KVA (၃၀)လုံး ချထားပေးရန်နှင့် လိုအပ်သော ခွဲရုံများ တပ်ဆင်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ဧရိယာ ၃၀.၅၄၅ စတုရန်း မိုင်၊ လူဦးရေ ၃၇၀၀၀၀ဦး၊ မီးသုံးစွဲ ၆၈၁၅၂ ဦးနှင့် စက်မှုဇုန်လေးဇုန်ရှိပြီး စက်ရုံ၊ အလုပ်ရုံများပြားစွာရှိသော မြို့နယ်ဖြစ်ပါကြောင်း၊ ယခုအခါ လူနေရပ်ကွက်များတွင် မီးအား များကျဆင်းခြင်း၊ မီးပြတ်ခြင်း၊ မီးအားနည်းမှုကြောင့် သောက်သုံးရေမရရှိခြင်း၊ သောက်သုံးရေ မပေးဝေနိုင်ခြင်းများရှိနေပြီး စက်မှုဇုန်များတွင်လည်း မီးအားသုံးစွဲမှုများစွာလိုအပ်လျက်ရှိပါကြောင်း၊ မကြာမီ ဒဂုံမြို့သစ်(တောင်ပိုင်း)စက်မှုဇုန်များကို အဆင့်မြှင့်တင်ခြင်း၊ Pilot ပရောဂျက်ကို တိုင်းဒေသကြီးဦးဆောင်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါ သဖြင့် ၂၀၀ KVA ထရန်စဖော်မာ အလုံး ၅၀ အမြန်ဆုံးတပ်ဆင်ပေးရန်နှင့် မီတာလျှောက် ထားမှုများကို လက်ခံပေးရန် ရွာသာကြီခွဲရုံ၊ ဒဂုံ(တောင်ပိုင်း)တိုးချဲ့ဇုန်နှင့်ခွဲရုံ၊ ဒဂုံ(တောင်ပိုင်း)ခွဲရုံ တို့ကို (၃၃/၁၁)KV မှ (၆၆/၁၁)KV သို့ တိုးမြှင့်ပေးရန်နှင့် (၅၆)ရပ်ကွက်နှင့်(၇၀)ရပ်ကွက်ကြား၊  (၅၇)ရပ်ကွက်နှင့် (၇၁)ရပ်ကွက်ကြားတွင်လည်းကောင်း၊ (၆၆/၁၁)KV ဓာတ်အားခွဲရုံများ အသစ် တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းမေးမြန်းပါသည်။