(ဆ)-သဲကုန်းမြို့၊ ပုတီးကုန်း အ.ထ.က ကျောင်းအတွက် နှစ်ထပ်ကျောင်းဆောင်ကို မည်သည့်ဘဏ္ဍာနှစ်တွင် ချထားပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-18

ဦးစိုးအောင် (သဲကုန်း)သဲကုန်း မြို့နယ်၊ ပုတီးကုန်းကျောင်း အ.ထ.ကသည် ကျောင်းအုပ်ဆရာကြီးနှင့်တကွ ကျောင်းအကျိုးတော် ဆောင် ရပ်မိရပ်ဖများက ယခင်နှစ်များစွာကပင် ပူးပေါင်းပြုပြင်ထိန်းသိမ်းပြီး အသုံးပြုနေရသော အန္တရာယ်ရှိကျောင်းဆောင်ဖြစ်သည်ကို မိမိအနေဖြင့် လွန်ခဲ့သောနှစ်က အဆိုပါကျောင်းဆောင်အပါအဝင် ကျောင်းပေါင်း ၁၇ ကျောင်းကို အရေးကြီးပြုပြင်ထိန်းသိမ်းရန် တင်ပြခဲ့သော်လည်း အစီအစဉ်မရှိသေး ဟုသာဖြေကြားခဲ့ပါကြောင်း၊ ယခုနှစ်တွင် သဲကုန်း အ.ထ.ကကို ဆောင်ရွက်ပေးမည်ဟု မိမိဆီကို ပြန်ကြားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် သဲကုန်း အ.ထ.က နည်းတူ ပုတီးကုန်း အ.ထ.က သည်လည်း ပျက်စီးပြီး အန္တရာယ်ရှိကျောင်းဆောင်ဖြစ်နေခြင်းကြောင့်  နှစ်ထပ် ကျောင်းဆောင်သစ်ကို ချထားပေးပါရန်နှင့် အကယ်၍ ယခုနှစ် ချထားမပေးနိုင်သေးပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ချထားပေးမည်ဆိုသည်ကို သိရှိလိုပါကြောင်မေးမြန်းပါသည်။