(င)-ဝန်ထမ်းများ ခရီးသွားရာ၌ သတ်မှတ် ထားသောနေ့တွက်စရိတ်နှုန်း(၁၇၀ဝိ/-) အစား ခေတ်နှင့်ဆီလျော်သည့်နှုန်းထား သတ်မှတ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ် လျဉ်းသည့် မေးခွန်း
ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်း အချို့အနေနဲ့ တာဝန်အရ ခရီးသွားလာရာမှာ အသုံးပြုရတဲ့ ယာဉ်အမျိုးအစားအလိုက် ခရီးစရိတ်များကို နည်းဥပဒေအရထုတ်ယူရရှိသော်လည်း နေ့တွက်စရိတ်မှာ တစ်နေ့ ၁၇၀၀ ကျပ်သာပြဋ္ဌာန်းထားသည့်အတွက် အခက်အခဲများ တွေ့နေရကြောင်း၊ ကြံခင်းမှပုသိမ်ကို ရထားခရီးစဉ်ဖြင့်သွားပါက စတင်ထွက်ခွာတဲ့နေ့တွင် နေ့တွက်ခ ၁၇၀၀ ကျပ်နှင့် ရထားလက်မှတ်ခ ခရီးစရိတ်ထုတ်ယူရရှိပြီး နေ့လယ်စာ၊ ညစာနှင့် တည်းခိုခန်းခများမရရှိပါကြောင်း။ ဒုတိယနေ့ နှင့် တတိယနေ့တို့တွင်လည်း နေ့တွက်ခ နှင့် ရထားလက်မှတ်ခသာ ရရှိပြီး ကျန်စရိတ်များကို မရရပါကြောင်း။ အဆိုပါ ခရီးစဉ်ကို နေ့တွက်စရိတ်ခန့်မှန်းတွက်ချက်ကြည့်မည် ဆိုပါကခန့်မှန်း ကုန်ကျငွေ ကျပ် ၁၀၀၀၀ ဖြစ်သည်ကိုတွေ့ရှိရသည့်အတွက် လက်ရှိသတ်မှတ်ထားသော နေ့တွက်ခရီးစရိတ် ၁၇၀၀ ကျပ်အစား ခေတ်နှင့်လျော်ညီသောနှုန်းထားတစ်ခု သတ်မှတ်ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ၊မရှိ၊ သိရှိလိုပါကြောင်းမေးမြန်းပါသည်။