(ဂ)-ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံအားစံကိုက်ခုတင် (၅၀)ဆံ့ ဆေးရုံအဖြစ် တိုးမြှင့်ပေးရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ကချင်ပြည်နယ် ရွှေကူမြို့ပြည်သူ့ဆေးရုံသည် ခုတင် ၅၀ ဆံ့ မြို့နယ်ဆေးရုံ တစ်ခုအဖြစ် ၁၉၆၃ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ရွှေကူမြို့သည် ဧရာဝတီမြစ်၏ ဒုတိယမြစ်ကျင်းအောက်တွင် တည်ရှိပြီး ဗန်းမော်မြို့ နှင့် မိုင် ၅၀ ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နှင့် မိုင် ၅၀ ကျော်ဝေးကွာလျက်ရှိပါကြောင်း ၊ ရွှေကူဆေးရုံမှ ကုသ၍မရသော လူနာများကို ဗန်းမော်သို့ ရေလမ်း၊ ကားလမ်းတို့ဖြင့် သွားရသောအခါ လမ်းခရီး ကွာဝေးသောကြောင့် အချိန်ကြန့်ကြာပြီး အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပါကြောင်း၊ ခုတင် ၅၀ ဆံ့ဆေးရုံကို ပြည့်ပြည့်စုံစုံဖြစ်လာစေရန် စံကိုက် ခုတင် ၅၀ ဆံ့ဆေးရုံဖြစ်ရန် လိုအပ်လာပါသဖြင့် မြို့နယ်ပြည်သူများမှ တင်ပြတောင်းခံလာပါကြောင်း၊ သို့ဖြစ်ပါ၍ ကချင်ပြည်နယ် ရွှေကူမြို့ ပြည်သူ့ဆေးရုံ အား စံကိုက် ခုတင် ၅၀ ဆံ့ ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။