(က)-ပေါက်မြို့အဝင်ကျားသိုက်ရိုးတံတားဟောင်းနှင့် အပြိုင် တံတားသစ် တည်ဆောက်၍ စိုက်ပျိုးရေး ဦးစီးဌာနပိုင် ရုံးဝင်းမြေ အစိတ်အပိုင်းအချို့ကို လမ်းဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ပေါက်မြို့သည် ပခုက္ကူ-ပေါက်-ကျောက်ထု-မင်းတပ်-မတူပီသွား ပြည်ထောင်စု လမ်းမကြီးဖြစ်ပြီး ချင်းပြည်နယ်(တောင်ပိုင်း)သွား လမ်းမကြီးပေါ်တွင် တည်ရှိခြင်း၊ ပခုက္ကူ-ပေါက်-ထီးလင်း-ဂန့်ဂေါ-ဆောမြို့များကို သွားလာသည့်လမ်းနှင့် ချောက်-ဆိပ်ဖြူ-ပေါက်မှတစ်ဆင့် ချင်းပြည် နယ်(တောင်ပိုင်း)သို့လည်းကောင်း၊ ထီးလင်း၊ ဂန့်ဂေါမြို့များသို့လည်းကောင်း သွားလာသည့်လမ်းပေါ် တွင်တည်ရှိပါကြောင်း၊ သွားလာမှုများပြားလာသည်နှင့်အမျှ ပေါက်မြို့ အဝင် ကျားသိုက်ရိုး တံတား အဟောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနပိုင် ဝိုင်းမြေအကွေ့တို့သည် နှစ်ဆစ်ချို့ မျက်ကွယ် အကွေ့များ ဖြစ်နေခြင်းကြောင့် ခရီးသွားပြည်သူများအတွက် လွန်စွာအန္တရာယ်များ ကျရောက်ခဲ့ပါကြောင်း၊ ထို့ကြောင့် ပေါက်မြို့နယ် သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအမှူးများနှင့် ညှိနှိုင်း ကာ စိုက်ပျိုးရေး ဌာနပိုင် ဝိုင်းမြေ၊ လမ်းမြေအဖြစ် ဝ.၂၄ ကိုလည်း ဝမ်းမြောက်ဖွယ် စွန့်လွှတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ခရီးသွားပြည်သူများ အန္တရာယ် ကင်းရှင်းစေရန်နှင့် မြို့သာယာလှပရေးအတွက် လမ်းအကွေ့ကိုဖြောင့်ပြီး ကျားသိုက်ရိုးတံတားအဟောင်းနှင့်အပြိုင် တံတားအသစ် တစ်စင်းကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း လမ်းဖောက်လုပ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။