(ဂ)-အသေးစားငွေချေးဥပဒေတွင်ပုဒ်မ-၅၇ပြဋ္ဌာန်း ချက်အရရဲအရေးပိုင်ခွင့်ရှိသောပြစ်မှုမဟုတ်၍ပုံစံ (က)(ခ)ဖြင့်ဦးတိုက်လျှောက်ထားမှုများကိုအများ အားဖြင့် တရားရုံးများက ပလပ်ခဲ့သည်ကိုသိပါသ လားနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့နိုင်ငံတွင် ဆင်းရဲသူများအနေဖြင့် ငွေကိုအတိုးနှင့် ချေးငှားသုံးစွဲနေရခြင်း များကြောင့် တရားရုံးများတွင် တရားလို၊ တရားခံအဖြစ် အမှုပေါင်းများစွာ ရင်ဆိုင်နေရ ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ဥပဒေအမှတ် (၁၃) ဖြင့် ၂၀၁၁ ကပြဋ္ဌာန်းခဲ့သော အသေးစား ငွေရေးကြေးရေးလုပ်ငန်းဥပဒေသည် အတိုးချေးစားသူများ အပေါ် ကိုင်တွယ်ရန်အတွက် အထိရောက်ဆုံးဥပဒေဖြစ်ပါကြောင်း၊ ထိုဥပဒေ၏ ပုဒ်မ ၅၄ တွင် မည်သူမျှ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ အသေးစားငွေရေးကြေးရေးလုပ်ငန်း အဖွဲ့ အစည်းလုပ်ငန်းများကို လုပ်ကိုင်ခြင်းမပြုရဟု ပြဋ္ဌာန်းထားသော်လည်း မိမိတို့ထံရောက် ရှိလာသော တိုင်စာများတွင် ပြည်သူများ အနေဖြင့် ၁၀၀၀၀၀ ချေးပြီး တစ်နေ့ ၂၀၀၀၊ ထပ်မံ၍ အတိုးများဆင့်ပေါင်းခြင်း၊ စာချုပ်အလွတ်များတွင် လက်မှတ်ထိုးပြီး တရားစွဲ ဆိုသောအမှုများ အလွန်များပြားနေသည်ကို တွေ့ရှိနေရပါကြောင်း၊ ထို့ကြောင့် အသေး စားငွေချေးဥပဒေပုဒ်မ ၅၄ ပြဋ္ဌာန်းချက်ကို ချိုးဖောက်လျှင် ပုဒ်မ ၅၇ ပြဋ္ဌာန်းချက်အရ ရဲအရေးယူပိုင်ခွင့် ရှိသော ပြစ်မှုမဟုတ်သောကြောင့် ပုံစံ (က) (ခ) ဖြင့် ဦးတိုက်လျှောက်ထားမှုများကို အများအားဖြင့် တရားရုံးများက ပလပ်ခဲ့သည်ကို သိပါသလားဆိုသည်ကို မေးမြန်းပါသည်။