(ဃ)-စက်ရုံများမှ ထွက်ရှိသော ရေဆိုးများအား အတ္တရံမြစ်အတွင်းသို့ စွန့်ထုတ်နေမှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်တို့အား ထိခိုက်မှု ရှိ၊မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-18
မေးခွန်း အကြောင်းအရာ 

မော်လမြိုင်မြို့စက်မှုဇုန်တွင် ခနောက်စိမ်း သန့်စင်စက်ရုံ အပါအဝင် အကြီးစား၊ အလတ်စားစက်ရုံ ပေါင်း ၁၅၀ ကျော်ပါရှိပြီး ထိုစက်မှုဇုန်မှ ထုတ်ပစ်လိုက်သော ရေဆိုးများကို အထ္ထရံ မြစ်ထဲသို့ စွန့်ပစ် သည်ဟု သိရှိရပါကြောင်း။

ထို့အတူ မော်လမြိုင်မြို့ ရေပေးဝေရေး အထ္ထရံ(၁) စခန်းမှ ရပ်ကွက် ၄ခု ၊ အိမ်ခြေ ၆၀၅၂ အိမ်၊ လူဦးရေ ၃၄၀၈၁နှင့် အထ္ထရံ(၂) ရေပေးဝေစခန်းမှ ရပ်ကွက် ၉ ခု၊ အိမ်ခြေ ၁၁၀၄၁ အိမ်၊ လူဦးရေ ၆၇၇၆၁ ဦးကို ရေပေးဝေလျက်ရှိသည်ဟုလည်းသိရှိရပါကြောင်း။

၁၄-၁-၂၀၁၅ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ သစ်တောနှင့်သတ္တုဝန်ကြီး ဦးဝင်းမော်ဦးမှ မော်လမြိုင်မြို့ ရေပေးဝေရေးစီမံကိန်းကို ထိခိုက်နိုင်သဖြင့် ကောင်းကင်ကြယ် ခြောက်ပွင့်၊ ခနောက်စိမ်းစက်ရုံနှင့် မြန်မာ့ ဆန်းစုံ ခနောက်စိမ်းစက်ရုံများကို ပိတ်ပစ်ခဲ့ကြောင်းကြေညာခဲ့သော်လည်း စက်မှုဇုန်ရှိသော အခြားသော စက်ရုံများမှ ရေဆိုးများကို အထ္ထရံမြစ်ထဲသို့ ဆက်လက်စွန့်ပစ်နေ သည်ကို သိရှိရသည့်အတွက် အထ္ထရံမြစ်ရေ ကိုပင် မော်လမြိုင်မြို့ရပ်ကွက်ပေါင်း ၁၃ ခုနှင့် လူဦးရေ ၁သိန်းကျော်က သုံးစွဲနေရသည့်အတွက်ကြောင့် မည်သို့ ဆောင်ရွက်ထားသည်ကိုလည်း သိရှိလိုပါကြောင်း၊  ထို့ကြောင့် မော်လမြိုင်မြို့နယ် စက်မှုဇုန်ရှိ စက်ရုံ များမှ ထွက်ရှိသောရေဆိုးများအား အထ္ထရံမြစ်အတွင်းသို့ စွန့်ထုတ်နေမှုနှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်တို့အား ထိခိုက်မှု ရှိ/ မရှိ သိရှိလိုပါကြောင့် ပြန်လည်ဖြေကြားပါသည်။